အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် အိန္ဒိယ အစိုးရ ရဲ့ ပိတ်သိမ်းမယ့်အရေးကို မီဇိုရမ်ဒေသခံတွေ ဆန္ဒဖော်ထုတ်

Author ဆလိုင်း
Categories
Published on May 16, 2024

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယအစိုးရက ပိတ်သိမ်းမယ့်အရေးအတွက် မီဇိုရမ်ဒေသခံတွေက မနေ့က မေလ ၁၆ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတယ်လို့ ဒေသခံဆီက သိရပါတယ်။

Zo Reunification-Zoro ဦးဆောင်မှုနဲ့ အိန္ဒိယ ဗဟိုအစိုးရရဲ့ နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ဖျက်သိမ်းဖို့ စီစဉ်နေတာကို ဆန့်ကျင်ကြောင်း မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် ဇိုခေါသရ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတယ်လို့ သိရပါတယ်။

အဲဒီ ဆန္ဒဖော်တဲ့ထဲမှာ မီဇိုရမ်ပြည်နယ် မြို့နယ် ခရိုင်အသီးသီးက လာရောက်စုဝေးပြီး ဆန္ဒဖော်ထုတ်ကြတာဖြစ်တယ်လို့ ဇိုခေါသရ်ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့ ဒီနေ့ ဆန္ဒပြတာက အန္ဒိယ-မြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ဗဟိုအစိုးရရဲ့ ပိတ်သိမ်းမယ့်အရေးကို ဆန္ဒဖော်ထုတ်တာပါ။ မီဇိုရမ်ပြည်နယ် အသီးသီးက ပြည်သူတွေ၊ NGO အဖွဲ့အစည်းတွေပါတယ်။ ခန့်မှန်းခြေ လူဦးရေ တစ်ထောင်ကျော်ရှိမယ်။”လို့ သူက ဆိုပါတယ်။

အဲ့ဒီ ဆန္ဒဖော်ထုတ်တဲ့ အချက်တွေဟာ “(free movement regime FMR) ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မှာကို မလိုလားဘူး။ ကျွန်တော်တို့ ချင်း(ဇို) လူမျိုးတွေက ညီအကိုတွေဖြစ်ကြတယ်၊။ ပိုင်းခြားလို့မရဘူး”ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ကြတာလို့ သိရပါတယ်။

 

နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် အိန္ဒိယ ဗဟိုအစိုးရရဲ့ ပိတ်သိမ်းမယ့်အရေးကို မီဇိုရမ်ပြည်နယ်က နိုင်ငံရေး အဖွဲ့အစည်း၊ လှုမူရေးအဖွဲ့စည်း၊ NGO အဖွဲ့တွေကလည်း ကန့်ကွက်ကြပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင်ငံသား ၆သောင်း ကျော်ဟာ အိန္ဒိယဘက်သို့ ထွက်ပြေးခိုလှုံနေကြတယ်လို့ ချင်းအရပ်ဖက်အဖွဲ့တွေဆီကနေ သိရပါတယ်။

 

အိန္ဒိယ-မြန်မာ နယ်စပ်ဟာ ကိလိုမီတာ (၁၆၀၀) ကျော် မိုင် (၁၀၀၀) နီးပါးထိစပ်ပြီး မီဇိုရမ်၊ နာဂလန်း၊ မဏိပူရ်၊ အရန်နချယ်ပြည်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

 

နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ဆိုတာဟာ အိန္ဒိယ-မြန်မာ နယ်စပ် (၁၆) ကီလိုမမီတာ၊ (၁၀) မိုင် နီးပါး အကျယ်အဝန်းတွင်း နယ်စပ်နားနေထိုင်သူတွေဟာ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့်ရတာဖြစ်ပါတယ်။

 

အိန္ဒိယပြည်ထဲရေးဝန်ကြီးက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ပိတ်သိမ်းပြီး နယ်စပ် တစ်လျှောက် ခြံစည်းရိုးကာရံမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က အိန္ဒိယ မီဒီယာတွေကို ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ- CJ