လွယ်ဂျယ်မြို့မှ ကျပ်သိန်း ၅၃ သောင်းကျော်ကို KIA ဘဏ္ဍာငွေအဖြစ်သိမ်းဆည်း

Author ကိုထားဝယ်
Categories
Published on Apr 12, 2024

ကချင်ပြည်၊ လွယ်ဂျယ်မြို့သိမ်းတိုက်ပွဲအတွင်းမှရရှိသော ကျပ်သိန်းပေါင်း ၅၃ သောင်းကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဘဏ္ဍာငွေအဖြစ်သိမ်းဆည်းလိုက်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ထုတ်ပြောသည်။

 

သတ်မှတ်စည်းမျဉ်းများအတိုင်း လွယ်ဂျယ်မြို့မှရရှိသော ကျပ် ၅,၃၅၈,၂၀၀,၀၀၀ ကို တပ်မဟာ ၃ တပ်မမှူးက အရှေ့ပိုင်းတိုင်းဘဏ္ဍာရေးဌာနသို့ စာရင်းသွင်းပေးအပ်ထားပြီးဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ် ၆၄ အရ သိမ်းဆည်းလိုက်ခြင်းဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ဆိုသည်။

 

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော လွယ်ဂျယ်မြို့ရှိ နောက်ဆုံးကျန်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအားလုံး ဧပြီလ ၈ ရက်နေ့ ညပိုင်း၌ တရုတ်နိုင်ငံဘက်သို့ ထွက်ခွာသွားပြီးနောက် ဧပြီလ ၉ ရက်နေ့တွင် KIA တပ်ဖွဲ့ဝင်များက မြေပြင်ရှင်းလင်းရေးပြုလုပ်စဉ် ခလရ ၁၄၂ တပ်စခန်းအတွင်းမှ ယင်းငွေများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါနယ်စပ်မြို့ကို မတ်လ ၂၈ ရက်က စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် ၁၃ ရက်အကြာ ဧပြီ ၉ ရက်နေ့တွင် KIA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

 

ဓာတ်ပုံ – ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်လူမှုကွန်ရက်အကောင့်

 

Related News

Depend on news