မိုင်းမတော်တဆကြောင့် မျက်လုံးတစ်ဖက် ထိခိုက်ခဲ့သည့် ရဲဘော် အမြင်ပြန်ရရေး အကူညီများ လိုအပ်နေ

Author မင်းထက်
Categories
Published on Apr 09, 2024

မကွေးတိုင်း၊ မင်းဘူးခရိုင် တပ်ရင်း (၃) ပြည်သူ့လွတ်မြောက်ရေးအင်အားစု စေတုတ္တရာတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မိုင်းမတော်တဆ ဖြစ်ရာ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့အပြား ထိခိုက်ခဲ့ပြီး အမြင်အာရုံ ပြန်လည်ရရှိရေး ကုသနိုင်ရေးအတွက် အကူညီများစွာ လိုအပ်နေကြောင်း သတင်းရရှိသည်။

 

ယခုနှစ် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စေတုတ္တရာနယ်မြေအတွင်း စစ်ကောင်စီသည် အင်အား ၁၀၀ ကျော်နှင့် ထိုးစစ်ဆင်လာချိန် ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေချိန် မိုင်းမတော်တဆမှုဖြစ်ကာ အသက် ၂၂ အရွယ် ရဲဘော် တစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်ရာဇာလီလီမှာ  မျက်နှာနှင့် ခန္ခာကိုယ်အနှံ့အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

 

“ရဲဘော်လီလီက ခန္ဓာကိုယ်အပေါ်ပိုင်း ဘယ်ဘက်မျက်စိကတော့ ထုတ်လိုက်ရတယ်ပေါ့ ညာဘက်တစ်လုံး ပြန်မြင်နိုင်အောင် ကြိုးစားနေရတယ်ပေါ့။။ စဖြစ်စဥ်ကနေ အခုအခြေနေထိ ၂၀၀ ကျော်ကုန်ထားတယ် နောက်ထပ်လဲ ၁၀၀ လောက်ထပ်ကုန်မယ်လို့ ခန့်မှန်းထားတယ်။ ဒီထက်မကလဲ ပိုကုန်နိုင်တာကြောင့် ဆက်ကုသဖို့ အခက်အခဲရှိနေတာပါ “ဟု တပ်ရင်း (၃) တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဒဏ်ရာရ ရဲဘော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် အထိ သွားရောက် ကုသခဲ့ကြောင်း ၊ ဖြစ်စဥ် စတင်ချိန်မှစ၍ လက်ရှိအချိန်အထိ ကျပ်သိန်း ၂၀၀ ကျော် ကုန်ကျခဲ့ပြီး လက်ရှိမှာ ညာဘက်မျက်လုံးကို ထပ်မံခွဲစိပ်ရန်လိုအပ်သောကြောင့် အကူအညီများဆက်လက် လိုအပ်လျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

 

ယမန်​နေ့ ဧပြီ ၉ ရက်အထိ ရဲဘော်ရာဇာလီလီသည် မီဇိုရမ်ပြည်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိနေကြောင်း ၊  ရဲဘော်သည် အစာစားနိုင် လမ်းလျှောက်နိုင်သော အနေအထားရှိကြောင်း သိရသည်။

 

လတ်တလောဆေးကုသမှုပြီးပါက ရဲဘော်လီလီ၏ဘဝ ဆက်လက် ရပ်တည်နိုင်ရေးအတွက် မျက်မမြင်ဂေဟာသို့ ပို့ဆောင်ပေးနိုင်ရန် ကျောင်းစားရိတ်အဖြစ် ကျပ်သိန်း ၆၀ ခန့် ထပ်မံကုန်ကျနိုင်ကြောင်း အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

ဓာတ်ပုံ –  ပြည်သူ့လွတ်မြောက်ရေးအင်အားစု စေတုတ္တရာ

 

 

Related News

Depend on news