မိုင်းထိကားကိုပြင်သည့် စစ်ကောင်စီစစ်ကြောင်းအား PDFဝင်တိုက်မှုကြောင့် ရှစ်ဦးသေ

Author မွန်လေး
Categories
Published on Sep 26, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်နှင့် ခင်မွန်ကျေးရွာအနီးတွင် မိုင်းထိကားကို ပြင်နေသည့် စစ်ကောင်စီစစ်ကြောင်းအား PDFက ဝင်ရောက်မှုကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(CHUPDF)က ယနေ့ထုတ်ပြန်ထားသည်။

ဖြစ်စဥ်သည် စက်တင်ဘာ ၂၅ရက်တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်း ထွက်ခွာလာသည့် စစ်ကောင်စီထောက်ပို့ယာဥ်တန်းကို CHUPDF တပ်ခွဲ ၄မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကားတစ်စီး ပျက်စီးခဲ့သည်။

အဆိုပါ ပျက်စီးခဲ့သည့်စစ်ကားကို အတူပါလာသည့်စစ်ကားတစ်စီးမှ ပြုပြင်နေစဥ် CHUPDFတပ်ခွဲ ၄နှင့်တပ်ခွဲ ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီမှ ရှစ်ဦးသေဆုံးခဲ့ပြီး CHUPDFမှ ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။

ရန်သူ့ဘက်မှ BA-72(G1) ၁လက်၊ MA-3 ၁လက်၊ BA-94(Uzhi) ၁လက်၊ 7.62(ကပစ) ၂၀တောင့်၊ 5.56(ကပစ) ၂၆တောင့်၊ 9mm(ကပစ) ၁၅တောင့်၊ ဓားမြှောင် ၁လက်၊ Mytel Keypad ၁လုံး၊ walkitalki (ဆက်သွယ်ရေးစကားပြောစက်) ၁လုံး သိမ်းဆည်းရရှိခဲ့ကြောင်း CHUPDFကထုတ်ပြန်ထားသည်။