စစ်ကောင်စီအတွက် အဓမ္မ စစ်သားစုဆောင်းပေးသည့် ရပ်/ရွာအုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု TNLA ဆို (သတင်းတို)

Author ကိုထားဝယ်
Categories
Published on Mar 19, 2024

ရှမ်းပြည်(မြောက်ပိုင်း) လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြိုတို့တွင် စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီအတွက် အတင်းအဓမ္မစစ်သား စုဆောင်းပေးသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ယနေ့ မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

 

လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အဓမ္မစစ်သားစုဆောင်းရန်လုပ်ဆောင်နေသည်ဟု ယင်းဒေသနေ ပြည်သူလူထုက PSLF/TNLA ထံ တိုင်ကြားအကူအညီတောင်းခံခဲ့ကြကြောင်း TNLA က ဆိုသည်။

 

ယင်းမြို့နယ်များအတွင်း စစ်ကောင်စီက အရေအတွက်သတ်မှတ်ပေးပြီး ရပ်ကွက်၊ ကျေးရွာ၊ အုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တပ်သားပို့ဆောင်ရန်ခိုင်းစေခြင်းဖြစ်သည်ဟု PSLF/TNLA က ဆိုသည်။

 

ယင်းသို့ လုပ်ဆောင်ခြင်းကို PSLF/TNLA က လက်မခံဘဲ အုပ်ချုပ်ရေးများအနေဖြင့် လုပ်ဆောင်ပါက ပြင်းပြင်းထန်ထန်အရေးယူခံမည်ဖြစ်ကြောင်း PSLF/TNLA က ကြိမ်းဝါးပြောဆိုသည်။

 

PSLF/TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် မြို့များတွင် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖော်ဆောင်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နမ္မတူမြို့နယ်အတွင်း CDM ကျန်းမာရေးဝန်ထမ်းများဖြင့် ပြည်သူ့ဆေးရုံဖွင့်လှစ်နိုင်သကဲ့သို့ တအာင်းဥပဒေ အကယ်ဒမီကျောင်း အပတ်စဉ် ၂ ကိုလည်း ဖွင့်လှစ်ထားသည်။

 

ဓာတ်ပုံ – ထုတ်ပြန်ချက်