ကျောက်ဝိုင်းမှ ပြန်လာသည့် ပျူစောထီးဆိုသူ အမျိုးသားတစ်ဦး ပစ်ခတ် ရှင်းလင်းခံရ

Author မောင်ဒဂုံ
Categories
Published on Sep 22, 2022

စစ်ကိုင်းမြို့နယ်၌ ယမန်နေ့က ကျောက်ဝိုင်းမှ ပြန်လာသည့် ပျူစောထီးဆိုသူ အမျိုးသားတစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် ရှင်းလင်း၍ သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၁ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ တမာပင်လမ်းဆုံ၌ ကျောက်ဝိုင်းက ပြန်လာသည့် အမျိုးသားတစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့သည်။

၄င်း သေဆုံးခဲ့သူမှာ မအူပင်အရှေ့ကျေးရွာမှ စစ်ကောင်စီ သတင်းပေးဟု ခေါ်ကြသည့် ပျူစောထီး အဖွဲ့ဝင် ကိုခိုင်ဇော်လင်း ဆိုသူ ဖြစ်သည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး ကဆိုသည်။
ပစ်ခတ်ခံရသူ ကိုခိုင်ဇော်လင်းမှာ ပျူစောထီးအဖွဲ့ဝင် ဟုတ်မဟုတ်ကိုမူ CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါဖြစ်စဥ်တွင် သေဆုံးသူ အမျိုးသားအား မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းကိုမူ သတင်းထုတ်ပြန်လာခြင်း မရှိသေးကြောင်း သိရသည်။

Related News

Depend on news