ဒိုက်ဦးက ပျောက်ဆုံးကလေး သေဆုံးလျက်ပြန်တွေ့

Author ကိုထားဝယ်
Categories
Published on Feb 27, 2024

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်းက ၃ နှစ်အရွယ်ကလေးငယ်သည် ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်)နံနက်ပိုင်းတွင် သေဆုံးလျက်ပြန်တွေ့ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

 

မောင်ဇွဲမာန်သစ်သည် ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၅ နာရီခန့်က နေအိမ်ခြံဝင်းအတွင်း ရှိနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး နှစ်ရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

“မချိမဆန့် Dead Body ဒီအရွယ်နဲ့ ဒီဒဏ်ရာ မျှတရဲ့လားကွာ။ နောက်ဆုံးခရီး ဒီနေ့ပဲ စီစဉ်လိုက်ရတော့တယ်။ ရှမ်းစုသုဿန်” ဟု ၎င်း၏ ဖခင်ဖြစ်သူ လူမှုကွန်ရက်တွင် ယနေ့နံနက်ပိုင်းက ရေးသားထားသည်။

 

အသက် ၃ နှစ်အရွယ်ကလေးငယ်သည် ဖေဖော်ဝါရီ ၂၄ ရက် စနေနေ့ ညနေ ၅ နာရီခန့်က မိခင်ဖြစ်သူ အိမ်ပေါ်သို့ ထမင်းခူးသွားနေစဉ် မိနစ်ပိုင်းအတွင်း နေအိမ်ခြံဝင်းအတွင်းမှတစ်ဆင့် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

 

ပြန်ရှာတွေ့သည့်ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ CJ Platform သတင်းဌာနမှ မောင်ဇွဲမာန်သစ်၏ မိသားစုဝင်များထံသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။