ပုဇွန်တောင် ဘူတာအနီးတွင် ရထားနှစ်စင်းတိုက်မိပြီး တံတားတစ်စင်း ပျက်စီး

Author လဂွန်းအိမ်
Categories
Published on Feb 23, 2024

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်ရှိ ပုဇွန်တောင်ဘူတာအနီးအတွင်း ယနေ့ ဖေဖေါ်ဝါရီ ၂၃ရက်နေ့ နံနက် နာရီဝန်းကျင်ခန့်တွင် ရထား စီးတိုက်မိရာက လူကူးခုံးတံတား တစ်စင်း ပြိုကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရထားလမ်းတစ်ခုတည်းမှာပင် ရှေ့ရထားတွဲအား နောက်ထပ် ရထားတွဲတစ်ခုမှ တိုက်မိခြင်းဖြစ်ပြီး တိုက်မိသည့် အရှိန်ကြောင့် ရှေ့ရထားတွဲမှ နောက်ဆုံး ရထားတွဲမြောက်တက်ကာ ရေကျော်ဝတ်ကျောင်းလမ်းနှင့် ဘင်္ဂါလီစုကူးသည့် ရထားလမ်းကူး တံတားတစ်စင်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

တံတားက ဆွေးနေတာလဲပါတယ် ရှေ့ကရထားတွဲကို နောက်ကရထားက တိုက်မိတာပါ လူစီးရထားမဟုတ်ပဲ ကုန်တင်ရထားဖြစ်ဖို့များတယ် တိုက်ကြတဲ့ ရထားသံလမ်းက လူစီးရထား မမောင်းဘူးဟု ဒေသခံတစ်ဦးမှ CJ Platform သို့ ပြောသည်။

၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်တွင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ၅၉ မိုင်အတွင်း လူကူးခုံးကျော် တံတားသစ်များ ၃၅ စင်းတည်ဆောက်ရန် လျာထားဆောင်ရွက်ခဲ့ရာ ရန်ကုန်အင်းစိန် မြို့ပတ်ရထားလမ်းပိုင်းတွင် လူကူးခုံးကျော်တံတား စင်း၊ အင်းစိန်တညင်းကုန်း ရထားလမ်းပိုင်းတွင် လူကူးခုံး ကျော်တံတား စင်း၊ တညင်းကုန်းမင်္ဂလာဒုံ ရထားလမ်းပိုင်းမှာ လူကူးခုံးကျော် တံတား စင်းနှင့် မင်္ဂလာဒုံရန်ကုန်လမ်းပိုင်းမှာ လူကူးခုံးကျော် တံတားအစင်း ၂၀ တည်ဆောက်ရန်အထိ ဆောင်ရွက်ခဲ့သည်။

 ဓာတ်ပုံလူမှုကွန်ရက်

Related News

Depend on news