အားလုံးစုရုန်း နှစ်ငါးလုံး သုံးနှစ်ပြည့်အဖြစ် ကလေးမြို့က လှုပ်ရှားမှု (သတင်းတို)

Author မယ်ဘယ်ကိုး
Categories
Published on Feb 22, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အားလုံးစုရုန်း နှစ်ငါးလုံး သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုဗိုက်ပူမှ CJ Platform သို့ ပြောသည်။

“လူထုအာဏာအသက်သွင်းကြ” စာသားပါ ဘန်နာကိုကိုင်ဆွဲပြီး တော်လှန်သော ကျောင်းသားပြည်သူလူထုနှင့်အတူ ကလေးဒေသအတွင်းလွတ်မြောက် တစ်နေရာ နေရာတွင် သပိတ်ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး တိုက်ပွဲကာလနဲ့အတူ လူထုအာဏာ အသက်သွင်း ရှင်သန်နိုင်ရေးအတွက် ကြွေးကြော်သပိတ်မှောက်ခဲ့ကြတာ ဖြစ်တယ်” ဟု ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုဗိုက်ပူမှ ပြောသည်။

 

စစ်အာဏာသိမ်းနောက်ပိုင်း နေ့စဉ် ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည့် ကလေးမြို့လူထုတိုက်ပွဲ အနေဖြင့် ယနေ့တွင် (၃) နှစ်ပြည့်ပြီလည်းဖြစ်သည်။

 

ဓာတ်ပုံ – ကိုဗိုက်ပူ