ပန်းပင်နီ လူထုသပိတ် ဖြိုခွင်းမှုတွင် ကြိုးကိုင်ခဲ့သူ စစ်ကောင်စီ သတင်းပေး အပစ်ခံရပြီးသေ

Author လင်းနွေဦး
Categories
Published on Apr 27, 2024

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် တွင် စစ်ကောင်စီ ထောက်တိုင် သတင်းပေးဟုဆိုသူတစ်ဦးကို ယနေ့ ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်တွင် Operation Flame(OF)အဖွဲ့ ရဲဘော်များမှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၎င်းအဖွဲ့မှ တာဝန်ခံ မှ CJ Platform သို့ သတင်းပေးပို့သည်။

 

ပစ်ခတ်ခံရသူသည်  ဦးမောင်ဦး ဆိုသူဖြစ်ပြီး ၎င်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကြည့်မြင်တိုင် ပန်းနီလမ်း လူထုသပိတ်ကို စစ်ကောင်စီမှ အကြမ်းဖက် ကားဖြင့်တိုက်၍ ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်ရာတွင် အဓိကပါဝင်ခဲ့သော သတင်းပေးတစ်ဦးဖြစ်သဖြင့် ပြည်သူ့တရားစီရင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Operation Flame တာဝန်ခံမှ ဆိုသည်။

“သူ့ကို နေ့လယ် ၂နာရီ ဝန်းကျင်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ရဲဘော်တွေ ဘေးကင်းနေရာရောက်ရှိမှပဲ သတင်းထုတ်ပြန်တာမျိုးတွေလုပ်တာပါ။ “ဟု ၎င်းအဖွဲ့ တာဝန်ခံ မှ CJ Platform သို့ ပြောသည်။

 

ယခုစစ်ဆင်ရေးကဲ့သို့ ရန်ကုန်မြို့နှင့် ကြည့်မြင်တိုင်မြို့နယ်အတွင်း အများပြည်သူကို အတင်းအဓမ္မ စစ်ကျွန်ပြုနေသော အကြမ်းဖက်စစ်တပ်နှင့် အားပေးအားမြှောက် င်းဝန်းလုပ်ဆောင်သူများကို အုပ်ချုပ်ရေးမှူးများ နှင့် နောက်လိုက်နောက်ပါများ အားလုံးကို စစ်ရေးပစ်မှတ်များအဖြစ် ချေမှုန်းသွားမည်ဟု Operation Flame တာဝန်ခံမှ ပြောသည်။

 

ဓာတ်ပုံ-ပေးပို့

 

ပုံစာညွန်း- စစ်ကောင်စီ သတင်းပေး ဦးမောင်ဦး ကို ပန်းပင်နီလမ်း လူထုသပိတ်ဖြိုခွင်းစဉ်က မြင်ရပုံ

 

Related News

Depend on news