ပခုက္ကူမှာ Paramotor အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

Author CJ Platform
Categories
Published on Feb 26, 2025

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့  Paramotor (စက်တပ်လေထီး) နဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပခုက္ကူပကဖက ဆီက သိရပါတယ်။

 

ကျေးရွာပေါင်း (၂၂)ရွာက စာသင်ကျောင်းတွေ၊ စျေးဆိုင်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ဖြန့်ဝေခဲ့ကြတာပါ။

စစ်ကောင်စီတပ်က စစ်ရှုံးလာချိန်မှာ လေယာဉ်၊လေထီးနဲ့ လက်နက်ကြီးတွေကို ပိုအသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အသိရှိစေဖို့ အခုလို အသိပေးစာစောင်တွေ ဖြန့်ဝေရတာဖြစ်တယ်လို့ ပခုက္ကူပကဖက ဆိုပါတယ်။

 

ဓာတ်ပုံ – ပေးပို့

Related News

Depend on news