“သံချပ်တွေကို ကျော်လွန်ပြီး အနာဂတ်ဆီ” အနိုင်ရတွေ ဘယ်သူတွေလဲ ?

Author CJ Platform
Categories
Published on Apr 17, 2025

 

 

ကြားကာလ ပြည်သူ့ပညာရေးကျောင်းတွေက ကျောင်းသူ၊ကျောင်းသားတွေကိုယ်တိုင် ဇာတ်ညွှန်းရေးသား၊ ကိုယ်တိုင် သရုပ်ဆောင်၊ ကိုယ်တိုင် တည်းဖြတ်ပြီး ထုတ်လုပ်ခဲ့တဲ့ အသံပြဇာတ်ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ အသံပြဇာတ်တွေ ထွက်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

 

ဧပြီ ၁ရက်နေ့မှာ အနိုင်ရရှိတဲ့ ပြဇာတ်တွေကို ကြေညာသွားမယ်လို့ ဆိုခဲ့ပေမဲ့ ငလျင်သဘာဝဘေး ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအဖြစ် ပြိုင်ပွဲရက်ကို ရွေ့ဆိုင်းလိုက်ပြီးတဲ့နောက် ဒီကနေ့မှာ အနိုင်ရရှိတဲ့ အသံပြဇာတ်တွေ ထွက်ပေါ်လာခဲ့တာပါ။

ပြိုင်ပွဲဝင် အသံပြဇာတ်တွေဖြစ်တဲ့

 

(၁) ကမ်းရိုးမက လှိုင်းတံပြာပြာ

(၂) အမှန်ကိုကြည့်နိုင်သော မျက်လုံးတစ်စုံ

(၃) ရောင်နီမျှော်သောနွေ

(၄) ကြွေ

(၅) ရောင်နီသန်းဖို့စည်းလုံးစို့

(၆) တိမ်ညိုလွေ့လွေ့နေခြည်ငွေ့ငွေ့

(၇) တရားသောပန်းများ ပွင့်လန်းပါစေ

(၈) မီးလျှံထက်က CDM

(၉) ထိုရက်စွဲများ၌ လွတ်လပ်ခဲ့သည်

(၁၀) သံမဏိလိပ်ပြာ

(၁၁)၂၁ ရာစုမြေစာပင်

(၁၂) မီးအိမ်ရှင်

(၁၃) အသေအပျောက်မရှိ

 

ဆိုတဲ့ အသံပြဇာတ်တွေအနက် link , Share , Comment အများဆုံး အသံပြဇာတ်ကတော့ “သံမဏိလိပ်ပြာ” က ရရှိခဲ့ပြီး ၊ ကြည့်ရှုသူ အများဆုံးဆုအဖြစ် “တရားသောပန်းများ ပွင့်လန်းပါစေ” နဲ့ မဲပေးရွေးချယ်မှုမှာ “ကမ်းရိုးမက လှိုင်းတံပြာပြာ”က ဆုတွေ အများဆုံးအဖြစ် ရရှိခဲ့ပါတယ်။

 

“သံချပ်တွေကို ကျော်လွန်ပြီး အနာဂတ်ဆီ” အသံပြဇာတ် ပြိုင်ပွဲ ဟာ CJ Platform ရဲ့ “Gen α တို့အတွေးအမြင်” အစီအစဉ်နဲ့ Home Vocational Training Center တို့ ပူးပေါင်း တင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

 

အသံပြဇာတ်ပြိုင်ပွဲ ဝင်ရောက်တဲ့ လူငယ်တွေဟာ ကြားကာလပြည်သူ့ပညာရေးကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနေကြတဲ့ CDM ကျောင်းသူ၊ကျောင်းသားတွေပဲဖြစ်ပါတယ်။

 

“သံချပ်တွေကို ကျော်လွန်ပြီး အနာဂတ်ဆီ” ဆိုတဲ့ ခေါင်းစဉ် အပါအဝင် ပြိုင်ပွဲဝင် အသံပြဇာတ်တွေဟာ Gen α တို့ရဲ့ အတွေးအမြင်တွေနဲ့ သူတို့ကိုယ်တိုင် ရေးသား၊ တည်းဖြတ်၊ သရုပ်ဖော်ခဲ့ကြတာပါ။

 

ကလေးတွေရဲ့ စွမ်းဆောင်ရည်ကို အသိမှတ်ပြု အားပေးခဲ့ကြသူ မိဘပြည်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်။