အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့များကို ပြည်သူများ တစ်ခဲနက်ကြိုဆို

Author CJ Platform
Categories
Published on Apr 10, 2025

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ညက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်ဝင်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက တစ်ခဲနက်ကြိုဆိုနေကြတာကို ပခုက္ကူခရိုင် တပ်ရင်း ၁၇ က မနေ့ညက ထုတ်ပြန်ထားပါတယ်။

 

တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဝင်လာရာ လမ်းတလျောက် ဒေသခံပြည်သူများက ပိတောက်ပန်း၊ သပြေပန်း အပါအဝင် ပန်းများနဲ့ ဝမ်းပန်းတသာကြိုဆိုနေကြတာကို ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေထဲတွေ့ရပါတယ်။

အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ ၈ လကြာတိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

 

မြို့သိမ်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကိုမခံနိုင်ပဲ အင်းတော်မြို့မှာ တစ်ခုတည်းကျန်ရစ်သည့် စစ်ကောင်စီရဲ့ တပ်မ ၇၇ လက်အောက်ခံ ဂျပန် လှိုဏ်ဂူကုန်းက တပ်မမှူးဦးဆောင်တဲ့ အဖွဲ့ဟာ ဧပြီလ ၇ရက် ည ၉:၀၀နာရီခန့်မှာ စခန်းစွန့်ခွာ ဆုတ်ခွာသွားခဲ့ပြီးနောက် တပ်မမှူးနဲ့ အဖွဲ့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

တိုက်ခိုက်မှုအတွင်း လက်နက်အများအပြားနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်လက်နက်ချ အညံ့ခံခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပခုက္ကူခရိုင် တပ်ရင်း ၁၇