ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဆီဘောက်ဆာကား မီးလောင်

Author အေတီ
Categories
Published on Mar 06, 2024

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ နံနက် ၆နာရီ ၃၅မိနစ်အချိန်ခန့်က ဆီဘောက်ဆာကား မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

 

မီးလောင်မှုသည် ပျော်ဘွယ်မြို့နယ် ယင်းတော်ကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်း စက်သုံးဆီဆိုင်အနီး ဖြစ်ပွားခဲ့သော်လည်း ဆီဆိုင်သို့ မီးမကူးစက်မီ နယ်မြေခံဖြစ်သည့် ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်(၅)စီး၊ ယင်းတော်နယ်မြေ မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီးနှင့် မိတ္ထီလာမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်လေးစီးတို့ဖြင့် အချိန်မီဝိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် နံနက် ၇နာရီ ၃၀မိနစ်အချိန်တွင် မီးငြိမ်းသတ်နိင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆီဘောက်ဆာကား မီးလောင်ပျက်စီးဆုံးရူံးမှုအပြင် အခြားလူအသေအပျောက်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ရှိ၊မရှိကို CJ Platformအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

Related News

Depend on news