NLDအင်္ကျီဝတ်ထားသူများက မန္တလေးNLDရုံးရှေ့ဆန္ဒပြ

Author ခေတ်နီ
Categories
Published on Sep 21, 2022

ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးရှေ့မှာ NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ထားသူတချို့က အကြမ်းဖက်မှု အလိုမရှိကြောင်း ဆန္ဒပြခဲ့တယ်လို့ စစ်ကောင်စီကိုထောက်ခံသည့် telegram channel များတွင် ဖော်ပြထားသည်။

ယနေ့ စက်တင်ဘာ၂၁ရက် မနက်ပိုင်းမှာမန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးရှေ့မှာ NLD ပါတီတံဆိပ်ပါ အင်္ကျီအနီ ဝတ်ထားသူတချို့က အမေစု ကျန်းမာပါစေ၊ NUG၊CRPHနဲ့PDFတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ NLDပါတီဝင်များ သေဆုံးနေရသည်၊ ဆန့်ကျင်ရှုံချသည်၊ စသည့် ဗီနိုင်းများကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပဲ ဖြစ်သည်။

အဆိုပါ NLD ပါတီရုံးဟာ စစ်အာဏာနောက်ပိုင်း သိမ်းပြီးနောက် ဖောက်ခွဲဖျက်ဆီး ခံခဲ့ရတဲ့ NLD ပါတီရုံးတွေထဲက တစ်ရုံးဖြစ်ပြီး မန္တလေးက NLDပါတီဝင်များလည်း မကြာခဏသတ်ဖြတ်ခံနေရချိန်တွင် ယခုလို ဆန္ဒပြပွဲပေါ်ပေါက်လာခဲ့တာ ဖြစ်သည်။

ဒီလို ဆန္ဒပြမှုအပေါ် ဒါက စစ်ကောင်စီဘက်က ဝါဒဖြန့်ချီရေးအတွက် ပြုလုပ်တာဖြစ်ကြောင်း ပြည်သူတချို့က မှတ်ချက်ပြုထားသည်။

“ဒါကြီးက အရမ်းသိသာနေတာကြီးလေ ဒီလောက်ဆန္ဒပြတာနဲ့ ဖမ်းခံနေတာကို အေးဆေးပြနေတာက ဘယ်သူတွေကဘာလို့လုပ်တာဆိုတာသိနေတာပဲ ရူးကြောင်မူးကြောင်လျှောက်လုပ်နေတာ”ဟု ပြောဆိုထားသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း မန္တလေးတိုင်း အတွင်းရှိ NLD ပါတီ ဝင်များဟာ ဖမ်းဆီး ထောင်ချခံရတာနှင့် စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့များ၏ သတ်ဖြတ်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူများလည်း ရှိနေခဲ့သည်။