တောင်ကြာအင်းရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့မှသိမ်းပိုက် ရဲတပ်ဖွဲဝင် ၁၀ ဦးဖမ်းမိ

Author လဂွန်းအိမ်
Categories
Published on Dec 30, 2023

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် KNDO ဦးစီးတော်လှန်ရေး ပူးပေါင်းတပ်မှ တောင်ကြာအင်းရဲစခန်းနှင့် တပ်စခန်းတစ်ခုကို ဒီဇင်ဘာ၂၉ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ကရင်ပြည် ဒူးပလာယာခရိုင် တပ်မဟာ ၆ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တောင်ကြာအင်း (လာ့တကော)ရဲစခန်းနှင့် အတူ အထကကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်။

 

“လက်နက်ချတဲ့သူတွေလည်း ရှိပါတယ်၊ စစ်တပ်က အရပ်သားတိုက်ခိုက်မှုတွေလုပ်တော့ အရပ်သားထိခိုက်မှုတွေလည်း ရှိတယ် ကလေးတွေပါ ထိခိုက်တာ၊ အဆောက်အဦးတွေလည်း ပျက်စီးတာရှိတယ်” ဟု ရှေ့တန်းသတင်းအရင်းအမြစ်မှ CJ Platform သို့ ပြောသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁၀ ဦးခန့် ဖမ်းမိထားပြီး လက်နက် ၂၅လက်နှင့် ခဲယမ်းများ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု KNLA ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးများရှိခဲ့ပြီး မည်၍မည်မျှ အထိအခိုက်ရှိခဲ့သည်ကို ထုတ်ပြန်ချက်တွင် မပါရှိပဲ အတည်ပြုနိုင်ရန် ရှေ့တန်းသတင်းအရင်းအမြစ်ထံ CJ Platformမှ မေးမြန်းခဲ့သော်လည်း ထုတ်ပြန်ချက်အတိုင်းသာ မှတ်ယူရန် ပြောဆိုခဲ့သည်။

Related News

Depend on news