ကမ္ဘာတဝှမ်း လူကြိုက်များသည့် Glock ပစ္စတို၏ ခေါင်းကိုင်ဖခင်ကြီး ကွယ်လွန်

Author လင်းနွေဦး
Categories
Published on Dec 29, 2023

ကမ္ဘာတဝှမ်းတွင် လူကြိုက်များ ကျော်ကြားသည့် Glock ပစ္စတိုအား စတင်ဖန်တီး ထုတ်လုပ်ခဲ့သူ Gaston Glock (ဂက်စတန် ဂလော့ခ်)သည်  ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြလာသည်။

 

Glock ကုမ္ပဏီ ဘက်ကတော့ Gaston Glock ကွယ်လွန်ပြီးနောက်မှာ ထုတ်ပြန်ချက် တစ်စောင် ကြေညာခဲ့ပြီး “Glock ပစ္စတိုတွေ ရဲ့ ရှေ့ဆောင်လမ်းပြသူရဲ့ ကြိုးစားခဲ့မှုတွေ နဲ့ စိတ်ဝိညာဉ်ဟာ ဆက်လက်တည်ရှိသွားမှာပါ” ဟု  ဂက်စတန် ဂလော့ခ် အား ဂုဏ်ပြုခဲ့သလို ကတိပေးပြောကြားမှုကို လုပ်ဆောင်ခဲ့သည်။

 

ဂက်စတန် ဂလော့ခ်သည် အင်ဂျင်နီယာ ဘွဲ့ရ တစ်ဦးဖြစ်ပြီး ကျောင်းပြီးပြီးချင်းတွင် လက်ကိုင် Drill ဖောက်စက်များ ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၆၀ခုနှစ်တွင် ခန်းဆီးကြိုးတန်းများ ဖြန့်ချိသူအဖြစ် လုပ်ဆောင်ခဲ့သည်။

 

၁၉၇၀တွင် ဩစတေးလျ စစ်တပ်အတွက် စစ်ဘက်သုံးဓားတွေ တင်သွင်းသူအဖြစ် တာဝန်ယူခဲ့သော်လည်း အသက် ၅၂နှစ်အရွယ်အထိ လက်နက်ပိုင်းဆိုင်ရာကို တီထွင်ရန် ဒီဇိုင်းရေးဆွဲခြင်းအတွက် ဆောင်ရွက်လိုခဲ့သူ မဟုတ်ခဲ့ပေ။

 

ဂက်စတန် ဂလော့ခ်သည် သူ၏ စီးပွားရေးအတွေ့အကြုံများအရ ပိုလီမာ(ပလပ်စတစ်)နှင့် ဆင်တူသည့် ပစ္စည်းများနှင့် အတွေ့အကြုံများစွာ ရှိခဲ့သူဖြစ်ခြင်းကြောင့် ၁၉၈၀ ခုနှစ်တွင် ဩစတေးလျ စစ်တပ်အတွက် စစ်ဘက်သုံးဓားများ ပိုထုတ်လုပ်ဖြန့်ချိရန် ပေခုံ စက်ကြီးတစ်ခုကို ဝယ်ယူကာ သူ၏ ကားဂိုဒေါင်အတွင်း တီထွင်စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သည်။

 

သူ့၏ ပထမဆုံးအလုပ်သမားများသည် ကင်မရာနယ်ပယ်မှဖြစ်ပြီး ပိုလီမာ ဒီဇိုင်းဆွဲရာတွင် အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ခြင်းကြောင့် များစွာ အကူအညီ ရခဲ့ပြီး တစ်နှစ် အကြာ ၁၉၈၁ ခုနှစ်တွင် ပထမဆုံး Glock 17 ကို ထုတ်နိုင်ခဲ့ကာ ဩစတေးလျမူ ပိုင်ခွင့်ကို လျောက်ထားနိုင်ခဲ့သည်။

 

ထို့နောက် ဂလော့ခ် ၏ ပထမဆုံး ပစ္စတို ဖြစ်သည့် Glock 17သည် ဩဇီ စစ်တပ်အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာခဲ့ပြီးနောက် အနောက်နိုင်ငံတော်တော်များများကပါ သူတို့၏ စပ်တပ်များရှိ အထူးတပ်သား ကွန်မန်ဒိုများအတွက် Glock ပစ္စတိုများစွာကို  မှာယူခဲ့ကြသည်။

 

ထိုအချိန်မှ စတင်ကာ ဂလော့ခ် ၏ Glock 17 ပစ္စတိုသည် ကမ္ဘာတဝှမ်း လူသိများလာခဲ့ပြီး ဂက်စတန် ဂလော့ခ်သည် မီလျံနာ သူဌေးဘဝ ရောက်ရှိလာခဲ့ရုံသာမပဲ Glock ပစ္စတို၏ အောင်မြင်ကျော်ကြားမှုသည် Snoop Dog တို့ကဲ့သို့ ကမ္ဘာကျော် အမေရိကန် Rapper များကပါ သူတို့၏ Rap စာသားများအတွင် ထည့်သွင်းစပ်ဆို ရသည်အထိ ပေါက်ရောက် အောင်မြင်ခဲ့သည်။

 

ထို့နောက် Glock 18၊ Glock 19 စသည်ဖြင့် နောက်ဆက်တွဲ Glock စီးရီးများကို ဆက်လက် ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းကာ ၂၀ ရာစု၏ Hand Gun လောကကို မင်းမူခဲ့ပြီး ဘီလျံနာ ဘဝကိုပါ ရရှိခဲ့သူဖြစ်သည်။

 

ယနေ့အချိန်ထိ ကမ္ဘာ့အင်အားကြီး စစ်တပ်များ၏ အရာရှိကြီးများ၊ အထူးတပ်သားများ၊ ရဲအရာရှိများနှင့် လုံခြုံရေးများ၊ သက်တော်စောင့်များနှင့် လက်နက်ကိုင်ဆောင်ခွင့် တရားဝင်ရရှိထားသည့် နိုင်ငံများတွင် Glock သည် နာမည်ကြီး အမျိုးအစားတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေခဲ့သည်။

 

ဂက်စတန် ဂလော့ခ်သည် ၁၉၂၉ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့တွင် ဩစတေးလျနိုင်ငံ Vienna( ဗိုင်နာမြို့)၌ မွေးဖွားခဲ့ပြီး ၎င်း သေဆုံးချိန်တွင် အသက် (၉၄)နှစ်အရွယ် ရှိပြီဖြစ်သည်။

 

ဓာတ်ပုံ-BBC