စစ်ကောင်စီ၏ မြစ်သာဆည်တပ်စခန်းအား ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ပျဉ်သာအနီးရှိ မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ချင်းကာကွယ်ရေးတပ်များနှင့် ဂန့်ဂေါခရိုင် PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်ရှိ အဆိုပါ မြစ်သာဆည် စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၂၀ ရက်နေ့မှ စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ ရက်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများမှ တစ်ဦး ကျဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး ကျဆုံးသွားသည့် တစ်ဦးမှာ CDF-Mindat မှ စစ်ကြောင်းမှူးဖြစ်သည် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် CDF Mindat မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ထံ CJ Platform မှ အတည်ပြုချက်ရယူထားဆဲဖြစ်သည်။
မြစ်သာဆည် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအား ZZLMS ညီနောင်များဖြစ်ကြသည့် CDF – Zophei၊ CDF-Zotung၊ CDF-Lautu၊ CDF-Mara၊ CDF-Senthang တပ်ဖွဲ့များအပြင် CDF-Mindat၊ CNO/CNDF၊ CDF-KKG၊ Unbroken Generation၊ ဂန့်ဂေါခရိုင် PDF နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။