နောင်ချိုမြို့နယ်ရှိ အကျဉ်းဦးစီးစခန်း (၄) ခုနှင့် လက်နက် အလက်(၁၀၀)ကျော်ကို ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် နောင်ချိုမြို့နယ်ရှိ အကျဉ်းဦးစီးစခန်း (၄) ခုနှင့် လက်နက် အလက်(၁၀၀)ကျော်ကို ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

Author အဂ္ဂ
Categories
Published on Nov 20, 2023

ရှမ်းပြည်‌နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ အကျဉ်းဦးစီးစခန်း (၄) ခုကို တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့  (နိုဝင်ဘာ ၁၉) က တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သည်ဟု  TNLA ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

 

ပူးပေါင်းတပ်ဖွဲ့များ သိမ်းယူနိုင်ခဲ့သော  အကျဉ်းဦးစီးစခန်းများမှာ လွင်ကြီးအကျဥ်းဦးစီးစခန်း၊ ကျုအင်း အကျဥ်းဦးစီးစခန်း၊ ခိုဟို အကျဥ်းဦးစီးစခန်း၊ ကုန်းစံ အကျဥ်းဦးစီးစခန်း တို့ဖြစ်ပြီး တိုက်ပွဲ အတွင်း MA-11 (၅၀) လက်၊ MA-12 (၉) လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ် စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည် အောက်တိုဘာ (၂၇) ရက်မှ စတင်ကာ စစ်ကောင်စီသည်  ရှမ်းမြောက်တခွင်တွင် တပ်စခန်းပေါင်း (၁၇၀) ကျော်၊ မြို့(၇) မြို့နှင့် လက်နက်ခဲယမ်း အမြောက်အမြားပါ လက်လွှတ်ထားရပြီး ယခုဆိုလျှင် အကျဉ်းဦးစီးစခန်းတချို့ကိုပါ လက်လွှတ်နေရပြီ ဖြစ်သည်။