ဖယ်ခုံတွင် စစ်ကောင်စီ အမြှောက်တပ်မှ တပ်သားသုံးဦး လက်နက်ဖြင့် အလင်းဝင်

Author ခူးဆယ်
Categories
Published on Nov 20, 2023

ရှမ်းပြည်နယ်​ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၅၃၀  အမြောက်တပ်ရင်း (အမတ ၅၃၀ )မှ တပ်သားသုံးဦး လက်နက်ဖြ င့်အလင်းဝင်ရောက်လာကြောင်း ဖယ်ခုံPDF ၁၀၀၆ တပ်ရင်းမှ သတင်းထုတ်ပြန်ထားသည်။

 

အလင်းဝင်ရောက်လာသည့် တပ်သားများသည် ယမန်နေ့ နိုဝင်ဘာလ ၁၉  ရက်​နေ့တွင် အလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MAအမျိုးအစား သေနတ်သုံးလက်နှင့် ခဲယမ်းများပါ ယူဆောင်ပြီး အလင်းဝင်ခဲ့ကြခြင်း ဖြစ်သည်။

 

လက်ရှိတွင် အဆိုပါ တပ်သားများအား ဆုငွေပေးအပ်ကာ စောင့်ရှောက်ထားပြီး စက်တင်ဘာလအတွင်းတွင် စစ်ကောင်စီတပ်သား ၃ ဦးနှင့် နိုဝင်ဘာလ ၇ ရက်နေ့တွင် တပ်သား(၁) ဦးဖယ်ခုံPDF  (၁၀၀၆ ) တပ်ရင်းထံ အလင်းဝင်ခဲ့သေးကြောင်း သိရသည်။

 

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းအနေဖြင့် ပြည်သူဘက်သို့ ကူးပြောင်းကာ အလင်းဝင်လာမည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား  ဘက်ပြောင်းခိုလှုံလာပါက အသက်အန္တရယ် မဖြစ်စေကြောင်းနှင့်  စိတ်ရင်းအမှန်ဖြင့် လာပါက လိုအပ်သော အကူအညီများကို ပေးအပ်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။