ဘုရင်မကြီး Elizabeth II ကွယ်လွန်သည့်အတွက် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲများ ရွှေ့ဆိုင်း

Author လင်းခိုင်
Categories
Published on Sep 09, 2022

ဘုရင်မကြီး Elizabeth II ကွယ်လွန်သည့်အတွက် ယခုတစ်ပတ်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဥ်အားလုံး ရွှေ့ဆိုင်းလိုက်ကြောင်း ပရီးမီးယားလိဂ်က ယနေ့ ကြေညာထားသည်။

ဘုရင်မကြီး Elizabeth II သည် ဆယ်စုနှစ် ၇ခုကြာ ဗြိတိန်နိုင်ငံကို အုပ်စိုးခဲ့ခြင်းဖြစ်ပြီး အသက် ၉၆နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဘုရင်မကြီးသည် စကော့တလန်ရှိ Balmoral ရဲတိုက်တွင်ကွယ်လွန်ခဲ့ကာ ရုပ်အလောင်းကို ယနေ့လန်ဒန်သို့ ရွှေ့ပြောင်းမည် ဖြစ်သည်။

ဘုရင်မကြီးသေဆုံးမှုကို ဝမ်းနည်းကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်အပါအဝင် ကလပ်အသင်းများစွာက ဝမ်းနည်းကြောင်း ထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

ဘုရင်မကြီးအားပေးသည့် အာဆင်နယ်အသင်းသည်လည်း ဘုရင်မကြီးကွယ်လွန်သည်ဟု သတင်းကြားသည်နှင့် ဇူးရစ်အသင်းနှင့် ယှဥ်ပြိုင်ကစားသည့်ပွဲ ဒုတိယပိုင်းမစမီ တစ်မိနစ်ငြိမ်သက်ခဲ့သည်။