ဗိုလ်မှူးတစ်ဦး နဲ့ ဗိုလ်ကြီး တစ်ဦး တို့အပါအဝင် စစ်ကောင်စီလက်အောက်ခံ တပ်သား (၇) ဦးအား MDY-PDF လက်ရဖမ်းဆီးမိ

Author လင်းနွေဦး
Categories
Published on Oct 31, 2023

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)မှ အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာ (၃၀) ရက် အတွင်း စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မှူး တစ်ဦး နှင့် ဗိုလ်ကြီး တစ်ဦး တို့အပါအဝင် (၇) ဦးအား လက် ရဖမ်းဆီးနိုင်ခဲ့ကြောင်း MDY- PDF အဖွဲ့မှ ထုတ်ပြန်သည်။

 

MDY-PDF အဖွဲ့သည် အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု အောက်တွင် တည်ရှိသော အဖွဲ့အစည်းဖြစ်ပြီး ညီနောင် မဟာမိတ် (၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ “တောင်သမန် စစ်ဆင်ရေး”အား ဆင်နွှဲလျက် ရှိသည်။

 

၎င်း စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မှူးအဆင့် (၁)ဦး ၊ ဗိုလ်ကြီး အဆင့် (၁) ဦး ၊ တစ်ပွင့် ဗိုလ်အဆင့်ရှိ (၁) ဦး ၊တပ်ကြပ်ကြီး အဆင့်ရှိ (၂) ဦး ၊ပြည်သူ့စစ် (၂) ဦး နှင့် ဆက်စပ် ပစ္စည်းများအား ဖမ်းဆီး သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူများအား ကတိပေးစကားအဖြစ်” စစ်အာဏာာရှင် အမြစ်ပြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက်လည်း ဦးလည်မသုန် ဆက်လက်တိုက်ပွဲ ဝင်သွားမည် ” ဟု လည်း MDY- PDF အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် အောက်တိုဘာ (၂၉) ရက်နေ့ကလည်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MDY-PDF တို့ ပူးပေါင်းကာ ရှမ်းပြည် မြောက်ပိုင်း နောင်ချို မြို့နယ် ကျောက်ကြမ်း ကျေးရွာ စစ်အုပ်စု စခန်း အားချေမှုန်းတိုက်ခိုက်ခဲ့ရာ အလောင်းရှစ်လောင်း နှင့် လက်နက် များ သိမ်းဆည်း ရရှိမိခဲ့သေးသည်။

Related News

Depend on news