ရှမ်းမြောက်က အရေးပါသော သိန္နီမြို့ဝင်တံတား ကျိုးကျ

Author CJ Platform
Categories
Published on Oct 30, 2023

လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမပေါ် အရေးပါသော သိန္နီတံတားသည် ယနေ့ အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက ကျိုးကျသွားကြောင်း ဒေသခံသတင်းဌာနများထံမှ သိရသည်။

သိန္နီမြို့အဝင်တံတားဟာ မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသော်လည်း CJ Platform သတင်းဌာနမှ သီးခြားအတည်ပြုထားနိုင်ခြင်းမရှိသေးပေ။

အဆိုပါ တံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမအတွက် အရေးပါသလို ချင်းရွှေဟော်၊ လောက်ကိုင်မြို့များကို သိန္နီမြို့နှင့်ဆက်သွယ်ဖောက်လုပ်ထားသည့်တံတားတစ်စင်းဖြစ်သည်။

ဒီလိုအရေးပါခြင်းကြောင့် အဖွဲ့အစည်းတစ်ခုခုက ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း)အခြေစိုက် ရွှေဖီမြေသတင်းဌာနကို ပြောထားသည်။

လတ်တလော သိန္နီမြို့အနီး လက်နက်ကြီးသံများ ကြားနေရသော်လည်း ယမန်နေ့ အောက်တိုဘာ ၂၉ ရက်ကလို ပြင်းထန်မှုမရှိသေးကြောင်း သိရသည်။

လားရှိုး-သိန္နီမြို့ကြားရှိ စစ်ကောင်စီတပ်၏ မိုင်းလီ တပ်စခန်းကို သိမ်းပိုက်လိုက်ကြောင်း တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။