ချင်းရွှေဟော်က စစ်ကောင်စီစခန်းသုံးခုကို MNDAA သိမ်းပိုက်

Published on Oct 28, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့က စစ်ကောင်စီခြေကုပ်ယူထားသည့် စခန်းသုံးခုကို ယနေ့နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်အဖွဲ့မှ ချင်းရွှေဟော်မြို့ နမ့်ကျွမ်းမှ စစ်စခန်း ၁ ခု၊ နမ့်ဟာမှ စစ်စခန်း ၂ ခုတို့ကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် မော်တာသုံးလက်အပါအဝင် အခြား စစ်လက်နက်ခဲယမ်းပစ္စည်းများကို ညီနောင်သုံးဖွဲ့ဘက်က သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

Related News

Depend on news