လားရှိုးရှိ စစ်တပ်စခန်းတစ်ခုကို TNLA ထပ်မံသိမ်းပိုက်

Author ခေတ်နီ
Categories
Published on Oct 28, 2023

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့တွင် TNLA မှ ထုတ်ပြန်သည်။

လားရှိုးမြို့နယ်အတွင်းရှိ မိုင်းကျက်နှင့် တိန်းတတ်တပ်စခန်းတို့ကို ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်မနက် ၅ နာရီခွဲခန့်က TNLA မှ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး နေ့လယ် ၁၂ နာရီတွင် တိန်းတန်တပ်စခန်းအားသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိန်းတန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- (၂) လက်၊ စက်လက်အကြီး (၁)လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀လုံး၊ မိုင်း၊ ကျည်ဆံအများအပြားကိုသိမ်းဆည်းရမိခဲ့ကြောင်း TNLA က ဆိုသည်။

ထိုနည်းတူ ယမန်နေ့တွင်ပင် နမ့်ခမ်းမြို့နယ် နမ့်ခမ်း-နမ့်ဖတ်ကားလမ်းရှိ စစ်ကောင်စီတပ်၏(၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း)တို့ကိုလည်း TNLA မှသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်း ၁၈ လောင်းအပါအဝင် သေနတ် ၁၇ လက်အထိသိမ်းပိုက်ရရှိခဲ့သည်။