တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းများကို ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း MNDAA ကြေညာ

Author ခေတ်နီ
Categories
Published on Oct 27, 2023

တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းများဖြစ်သည့် လားရှိုး-မူဆယ်နှင့် လားရှိုး-ချင်းရွှေဟော်လမ်းပိုင်းများကို ယနေ့အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်လိုက်သည်။

အထူးဒေသ (၁ )အတွင်းရှိ စစ်ကောင်စီတပ်များကို အမြစ်ဖြတ်တိုက်ခိုက်ရန်နှင့် လောက်ကိုင်မြို့နယ်အတွင်းရှိ ကျာဖြန့်ကုမ္ပဏီများကို တိုက်ဖျက်ရှင်းလင်းပြီး ထိုလုပ်ငန်းများကို အကာကွယ်ပေးနေသောနောက်ကွယ်မှ အင်အားစုများကို လားရှိုးမှတစ်ဆင့် စစ်အင်အားတိုးချဲ့လာမည်ကိုဟန့်တားရန်အတွက် လမ်းအသုံးပြုမှုကိုပိတ်ပင်ခြင်းဖြစ်ကြောင်း MNDAA က ဆိုသည်။

လက်ရှိတွင် ရှမ်းမြောက်ဒေသအတွင်းရှိ လားရှိုး၊လောက်ကိုင်၊ မူဆယ်နှင့် ချင်းရွှေဟော်ဒေသများရှိ စစ်ကောင်စီတပ်၏ အထိုင်တပ်စခန်းများနှင့် တပ်စွဲရာနေရာများကို မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်သည့် MNDAA၊ TNLA၊ KIA၊ AA တို့မှ ပူးပေါင်းတိုက်ခိုက်နေပြီး တပ်စခန်းသိမ်းဆည်းမှုများလည်းရှိနေကြောင်း သိရသည်။

အဆိုပါလမ်းမကြီးပြန်ဖွင့်မည့်ရက်ကို ထပ်မံအကြောင်းကြားမည်ဖြစ်ပြီး ကားလမ်းပိတ်ထားစဥ်အတွင်း မည်သည့်ယာဥ်မျှဖြတ်သန်းခြင်းမပြုကြရန်နှင့် ဖြတ်သန်းသွားလာပါက ရန်သူ၏ ထောက်ပို့ယာဥ်အဖြစ်မှတ်ယူကာတိုက်ခိုက်မည်ဖြစ်ကြောင်းလည်း MNDAA က ဆိုထားသည်။

Related News

Depend on news