ရီပက်ဘလစ်ကန်ပါတီမှ မိုက်ဂျွန်ဆင်အား အောက်လွှတ်တော်ဥက္ကဌ အသစ်အဖြစ် မဲပေးအဆိုတင်သွင်း

Author လင်းနွေဦး
Categories
Published on Oct 25, 2023

အောက်တိုဘာ ၃ ရက်နေ့မှ စတင်ကာ လစ်လပ်နေသော အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ရာထူး အား ရယူရန် ရစ်ပက်ဘလစ်ကန်ပါတီ၏ နောက်ဆုံး အဆိုပြုခြင်းခံရသူမှာ လော်ရီစီရီးနားပြည်နယ်မှ Mike Johnson (မိုက် ဂျွန်ဆင်) ဖြစ်လာကြောင်း နိုင်ငံတကာမီဒီယာများမှ ဖော်ပြသည်။

ယခုအဆို တင်သွင်းခံရသော မိုက်ဂျွန်ဆင်မှာ ပထမဆုံး အဆိုတင်သွင်းခံရသူ Tom Emmer (တွမ်အမ်မာ) နှုတ်ထွက်ခဲ့ရကာ မအောင်မြင်ခဲ့ရသည့်နောက် ဒုတိယအကြိမ်အဖြစ် အဆိုတင်သွင်းခံရသော ရီပက်ပလစ်ကန် ပါတီဝင် တစ်ဦးဖြစ်သည်။

ယခုလို လွှတ်တော ၌ အဆိုတင်သွင်းခြင်း မခံရမှီ ပါတီတွင်း မဲခွဲဆုံးဖြတ်ရာ၌ မဲ ၁၂၈ မဲ ရရှိခဲ့ကာ တခြားသော ပါတီတွင်း ယှဉ်ပြိုင်သူ (၆) ဦးအား ကျော်ဖြတ်၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။

သူသည် အောက်လွှတ်တော်ဥက္ကဌ ဖြစ်လာရန်အတွက် လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်မှုတွင် ထောက်ခံမဲ ၂၁၇ မဲရရှိရန် လိုအပ်ပြီး ယခု နေ့လယ်ပိုင်း တွင် မဲခွဲမှု ခံယူရမည် ဖြစ်သည်။

Wisconsin ( ဝစ်ကွန်ဆင်)ပြည် နယ် လွှတ်တော် အမတ် တစ်ဦးဖြစ်သူ Mike Gallagher (မိုက် ဂလယ်ဟာ ) ကမူ မိုက်ဂျွန်ဆင် အနေဖြင့် လွှတ်တော်၌ လိုအပ်သော မဲအရေအတွက် မရရှိမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ နောက်ဆုံးအကြိမ် စစ်ဆေးပြီး ယုံကြည် ရူးသွပ်မှု ရဲ့အဓိပ္ပာယ်ကို ထပ်ကာတလဲလဲ ပြုလုပ်နေပါတယ်” ဟု BBC မီဒီယာ အား မိုက်ဂလယ်ဟာမှ သူ၏ ယုံကြည်ချက် အပေါ် ပြောကြားခဲ့သည်။

ဥပဒေပြုရေး အခွင့်အာဏာရှိသော Gavel (တရားသူကြီးများ အမိန့်ချရာတွင် သုံးသောတူ) အား ကိုင်ဆောင်ခွင့် ရရှိလာမည့်သူမှာ မိုက်ဂျွန်ဆင်ပင် ဖြစ်လာမည်လားဟု နိုင်ငံတကာ ပညာရှင်များနှင့် သတင်းမီဒီယာများမှလည်း အထူးပင် စိတ်ဝင်စားလျက် ရှိနေကြသည်။

လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုတွင် မိုက်ဂျွန်ဆင် အနေဖြင့် လိုအပ်သော မဲအရေအတွက် မရရှိခဲ့ပါက ရီပက်ဘလစ်ကန် ပါတီအနေဖြင့် နောက်ထပ် အဆိုပြုတင်သွင်းရန် ကိုယ်စားလှယ်လောင်းများအား ထပ်မံ ရွေးချယ်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။