ဧရာဝတီတိုင်း ဇလွန်မြို့နယ်မှ တောင်သူတစ်ဦးရဲ့ တီးတိုးသံ
လယ်နဲ့ပတ်သက်ပြီးတော့ မကိုက်ပါဘူး သွင်းအားစုက တစ်ဧက ၈ သိန်းနီးပါးကျတယ် စက်ငှားခ နေ့စားခ (ကောက်စိုက်သမားခ) ပေါင်းသတ်ဆေး စပါးမျိုးနဲ့ ဘယ်လောက်မှ မကျန်ပါဘူး။
စပါးမျိုးဖိုးတင် တစ်တင်းကို ၁၄၅၀၀ မျိုးသန့်ရင် ၂၅၀၀၀ ၊၃၀၀၀၀ ထွန်ယက်ခ တစ်ဧကကို ကြဲပြီးတဲ့အထိ ၁ သိန်း လောက်ကျတယ် မှိုဆေး ပိုးသတ်ဆေး နဲ့ ကိုယ့်အတွက် ဘာမှမကျန်ဘူး မတ် ပဲလေးစိုက်လို့ ဈေးကောင်းလေးနဲ့မိမှ အဆင်ပြေတာ ဒါတောင် ကိုယ်ကိုတိုင် ဖိဖိစီးစီးလုပ်နိုင်ကာမှ တော်ကာကျတာ။
ဒီကြားထဲ ကြွက်ရန်ကကြောက်ရသေးတယ်။ ကြွက်ရန်ထက်ဆိုးတာ ဟိုခွေးသူခိုး(စစ်ကောင်စီ)တွေပဲ ကိုယ်ရတဲ့သီးနှံကို လွတ်လပ်စွာရောင်းဝယ်ခွင့်မရှိဘူး ဒီကောင်တွေက(စစ်ကောင်စီ) ပိတ်ထားတယ်လေ အရင်ကတော့ ဘယ်နေရာသွားရောင်းရောင်းရတယ်။ တတ်နိုင်လို့ ဧရာဝတီကစပါး ကချင်အထိသွားရောင်းလဲ ဘာမှမဖြစ်ဘူး ဒီခွေးသူခိုး(စစ်ကောင်စီ)တွေတက်လာမှ နယ်ကျော်ရောင်းမရတော့တာ ဘာအကူအညီမှမရဘူး ခေါင်းပုံဖြတ်ဖို့ပဲစဉ်စားနေကြတာ။ ကိုယ်တွေတော့ အလုပ်ရှုပ်လို့ ကုန်သည်ဆီပဲရောင်းတယ်။
ကိုယ့်လယ်လေးရှိနေတော့လည်း ဒီအတိုင်းမထားချင်လို့ စိုက်လိုက်တာပဲရှိတာ ဘာတစ်ခုမှအဆင်မပြေဘူး။