ဆစ်ခ်ကင်ပြည်နယ် ရေကြီးမှုကြောင့် သေဆုံးသူ ၄၇ ဦးအထိ ရှိလာ၊ လူ (၁၅၀)ထက် မနည်းပျောက်ဆုံးနေ
အိန္ဒိယ ပြည် အရှေ့မြောက်ပိုင်း ဆစ်ခ်ကင်ပြည်နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာ (၃) ရက်နေ့ ၌ မိုးရေချိန် များမှုကြောင့် တာတမံ ကျိုးပေါက်ခဲ့ရပြီး ရေကြီးမှု ဖြစ်ပွားခဲ့သည်။
ကနဦးရရှိခဲ့သော သတင်းများအရ ပြီးခဲ့သည့် စက်တင်ဘာ (၅) ရက်နေ့အထိ သေဆုံးသူ ၁၄ ဦးနှင့် ပျောက်ဆုံးသူ အရေအတွက် ၁၀၀ ဦး ဝန်းကျင်ခန့်သာ ရှိခဲ့သည်ဟု သိရှိခဲ့ရသော်လည်း အောက်တိုဘာ (၇) ရက်နေ့ အထိ တွင် သေဆုံးသူမှာ ၄၇ ဦး အထိ ရှိလာပြီဖြစ်ပြီး ၁၅၀ ကျော် မှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု The Associated Press Media မှ ဖော်ပြသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များမှ သေဆုံးပြီးခန္ဓာကိုယ်များကို အမှိုက်သရိုက်များနှင့် အပျက်အစီးများကြားမှ ထပ်မံတွေ့ရှိခဲ့ကြရခြင်းဖြစ်ပြီး ၎င်းတို့ထဲတွင် စစ်တပ် မှ ပျောက်ဆုံး သည်ဟု ကြေညာခဲ့သော စစ်သား (၂၃)ဦး အနက် မှ (၈)ဦး၏ ရုပ်အလောင်းများအား ရှာဖွေ တွေ့ရှိခဲ့ကာ တစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
အားကောင်းပြီး အဆက်မပြတ် စီးဆင်းနေသော ရေများမှာ အနီးရှိ တောင်ကြားအတွင်းမှတဆင့် မြို့များအတွင်းသို့ စီးဝင်ခဲ့ပြီး လူအချို့လည်း ရေစီးကြောင့် အသက်ဆုံးရှုံးခဲ့ရကာ ၎င်းတို့၏ ရုပ်အလောင်းများအား မိုင်အနည်းငယ်ကွာဝေးသော အနောက်ဘန်ဂလ် ပြည်နယ်နှင့် ဘင်္ဂလားင်္ဒေ့ရှ် ပြည် တို့တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ပြည်နယ်ရဲများ မှ ဆိုသည်။
ရေကြီးမှု၏ ရိုက်ခတ်မှုဒဏ်အား ဆဒ်ခ်ကင် ပြည်နယ် မှသာ မက အနောက် ဘန်ဂလ် ပြည်နယ်မှလည်း ခံစားခဲ့ရပြီး လူတစ်သောင်းကျော်အား ကယ်ဆယ်ရေးစခန်း ၂၉ ခုသို့ အသီးသီး ရွေ့ပြောင်း ပို့ဆောင်ပေးခဲ့သည်ဟု အနောက်ဘန်ဂလ် ဝန်ကြီးမှ ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး Rajnath Singh(ရာဂျ်နက် ဆင်း)မှလည်း “စစ်တပ်မှ ပျောက်ဆုံးနေတယ်လို့ ကြေညာခံထားရတဲ့ စစ်သည် (၂၃)ဦးအနက် (၈)ဦးရဲ့ ရုပ်ကလာပ် ကို ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ဦးကိုတော့ ရေကြီးမှု ဖြစ်ပြီး နောက်ရက် မှာပဲ တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ ပြီး ရှာဖွေရေးလုပ်ငန်းတွေကတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ဒေသတွင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
ယခုလို အလားတူ ဖြစ်ရပ်မျိုး အာဖရိက နိုင်ငံတစ်ခုဖြစ်သော လစ်ဗျာနိုင်ငံ ဒါနာမြို့တွင် လည်း ပြီးခဲ့သည့် လ စက်တင်ဘာ ၅ ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ပင် ဆည်တာတမံ ကျိုးပေါက်မှုကြောင့် လူ (၁)သောင်း (၁)ထောင်ကျော် သေဆုံးခဲ့ရကာ ပြည်သူ ၄ သောင်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသေးသည်။
Photo-The Associated Press