စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်မှ ဆားလင်းကြီးရှိ စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ကူညီလှူဒါန်း

Author လင်းနွေဦး
Categories
Published on Oct 05, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ၊မိုးကြိုးပြင်မြောက်ရွာမှ နေရပ်စွန့်ခွာပြည်သူများအတွက် ယမန်နေ့ စက်တင်ဘာ ၂ ရက်နေ့တွင် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၊ ဆားလင်းကြီးမြို့နယ် The Guardians Foundation မှ စားနပ်ရိက္ခာများ လှူဒါန်းခဲ့ကြောင်း ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော် BNRA ထံမှ သိရသည်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၊ ဆားလင်းကြီးမြို့နယ် The Guardians Foundation မှ စစ်ရှောင်အိမ်ထောင်စုတစ်စုလျှင် ဆန်၆ပြည် နှင့်ဆီ ၁ပိဿာ နှုန်းဖြင့် အိမ်ထောင်စု ၆ဝအတွက် ကူညီဝေမျှ ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“နေ့ရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ သူတွေဖြစ်ပြီး တောတောင်တွေထဲနေနေရတာ ၁ နှစ်ကျော်နေပါပြီ တတ်နိုင်သလောက် ကူညီထောက်ပံ့တဲ့ သဘောပါ”ဟု လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့သော BNRA မှ တာဝန်ရှိသူ မှ CJ Platform သို့ပြောကြားခဲ့သည်။

အိမ်ထောင်စု အရေအတွက်မှာ ၁၀၀ ကျော် ရှိသောကြောင့် ကျန်သော အိမ်ထောင်စုများအတွက် မျှဝေပေးရန်ကျန်ရှိနေသေးပြီး စစ်ဘေးရှောင် ပြည်သူများအတွက် တက်နိုင်သောဖက်မှ ကူညီပေးနိုင်ရန်လည်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက် နှင့် The Guardians Foundation တို့အားဆက်သွယ်လှူဒါန်းနိုင်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်မှ ထုတ်ပြန်ထားသည်။