လစ်ဗျားတွင် ရေကြီး၍ လူ ငါးထောင်ကျော် သေဆုံးကာ လူ တစ်သောင်းကျော် ပျောက်ဆုံးနေ

Author လင်းနွေဦး
Categories
Published on Sep 14, 2023

မြောက်အာဖရိကန်နိုင်ငံတစ်ခုဖြစ်သော လစ်ဗျား၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင်တည်ရှိသော Derna(ဒါနာ) မြို့တွင် ပြီးခဲ့သည်စက်တင်ဘာလ ၅ ရက်နေ့က မက်ဒီတာနေးရီးယန်းပင်လယ်၌ဖြစ်ပေါ်သော မုန်တိုင်း”ဒါနီယမ်” ကြောင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းမိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။

မိုးရေချိိန် များပြားမှုကြောင့် မြို့အနီးရှိ ဆည်နှစ်ခု ကျိုးပေါက်ခဲ့ရကာ ဒါနာမြို့တွင်းရေဖုံးလွှမ်းမှုဖြစ်ခဲ့ကြောင်း BBC နိုင်ငံတကာ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါရေဖုံးလွှမ်းမှုကြောင့် ဒါနာမြို့လေးပုံတစ်ပုံခန့် ပျက်စီးခဲ့ရပြီး လူပေါင်း ၅ ထောင်ကျော်သေဆုံး၍ လူ ၁ သောင်းကျော် ပျောက်ဆုံးနေကာ လူ ၁ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေရသည်ဟု သိရှိရပြီး အရေးပေါ် အကူအညီများ၊ ကယ်ဆယ်ရေးများလုပ်ဆောင်ရန်အတွက် လစ်ဗျား၏ အရှေ့/အနောက် အစိုးရနှစ်ရပ် ညှိနှိုင်းလုပ်ဆောင်နေကြောင်း သိရသည်။

ဆည်ကျိုးပေါက်ရခြင်းအကြောင်းကို ” ဒီ ရေကာတာတွေဟာ(ရေကာတာရဲ့ ခံနိုင်ရည်အားကို ကျော်လွန်သွားတဲ့အခါ) ကွန်ကရစ်နဲ့ တည်ဆောက်ထားတာတွေက ကျော်လွန်မှုကို ခံနိုင်ရည်ရှိပြီး ကျောက်တုံးရေကာတာတွေကတော့ မလုပ်နိုင်ပါဘူး” ဟု Exeter University ၏ ပါမောက္ခဖြစ်သူ Dragan Slavic က BBC သို့ ပြောကြားသည်။

ယခုကဲ့သို့ ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်အား ကြိုတင်ပြင်ဆင်မှုများ လုပ်ထားခြင်းမရှိသောကြောင့် ဝမ်းနည်းဖွယ် ကိစ္စရပ်ကြီးဖြစ်ပေါ်လာသည်ဟု ပညာရှင်တစ်ချို့မှ တာဝန်ရှိသူများအပေါ် ဝေဖန်ပြောဆိုမှုများရှိနေသော်လည်း နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရေးကသာပို၍ အရေးကြီးကြောင်း နှစ်ဖက်အစိုးရမှ ပြောကြားသည်။

နိုင်််််ငံတကာမှ ထောက်ပံ့မှုများအဖြစ် ပြင်သစ်မှ ဆေးဘက်ဆိုင်ရာ အကူအညီများ၊ အမေရိကန်မှ ဒေသအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကူညီမှုများ၊ United Nation Emergency Response Fund မှ ဒေါ်လာ ၁၀ သန်းကို ရေကြီးမှုအတွက် လှူဒါန်းခဲ့ပြီး အယ်ဂျီးရီးယား၊ အီတလီ၊ ကူဝိတ်၊ စပိန်၊ တူနီးရှား၊ ယူကေနှင့် အခြားနိုင်ငံအသီးသီးမှ အစားအစာနှင့် အရေးပေါ် သုံး Equipment များသာမက ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားကြောင်း Washington Post Media ၏ဖော်ပြချက်အရ သိရသည်။

လစ်ဗျားနိုင်ငံသည် အစိုးရနှစ်ရပ်ကြား လွန်ဆွဲနေပြီး အရှေ့ပိုင်းအစိုးရအဖြစ် စစ်ခေါင်းဆောင် Khalifa Hifter ဦးဆောင်သော Libyan National Army(LNA) အုပ်ချုပ်နေပြီး အနောက်ပိုင်းအစိုးအရအဖြစ် United Nation မှ ကျောထောက်နောက်ခံပေးထားသော ဝန်ကြီး အဒူ ဟာမဒ် ဒီဘီဘာ့ ဦးဆောင်သော Government Of National Accord(GNA)မှ ဦးဆောင်ရပ်တည်နေကြောင်းသိရှိရပြီး မကြာခဏ ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်တွင်းမငြိမ်မသက်မှုမြင့်မားသောနိုင်ငံ စာရင်းဝင်တစ်နိုင်ငံဖြစ်သည်။

ထို့ပြင် ယခင် ဩဂုတ်လ နှောင်းပိုင်းတွင် အာဖရိကအလယ်ပိုင်း ဂါဘွန်နိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ကာ ယခုလ စက်တင်ဘာလဆန်းပိုင်းကလည်း အာဖရိက အရှေ့မြောက်ဘက် မော်ရိုကိုနိုင်ငံတွင် ငလျင်လှုပ်ခဲ့သောကြောင့် လူပေါင်း ၅၀၀၀ နီးပါး သေဆုံး/ထိခိုက်မှုရှိခဲ့သည်။

ဓာတ်ပုံ – BBC News