လှိုင်သာယာ၊ မင်္ဂလာဒုံနှင့် တောင်ဒဂုံမြို့တို့တွင် အနည်းဆုံး ဒေါ်လာ ၄၀၀၀ ကျော်မှ အများဆုံး ၁၁၀၀၀ ကျော်ကျသင့်မည် အိမ်ရာစီမံကိန်းများ NUG မှ ရောင်းချမည်

Author မွန်လေး
Categories
Published on Feb 04, 2023

 

လှိုင်သာယာ၊ မင်္ဂလာဒုံနှင့် တောင်ဒဂုံမြို့နယ်တို့တွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၄၀၀ ကျော်မှ အများဆုံး ၁၁၄၀၀ ကျသင့်မည့် အိမ်ရာစီမံကိန်းများကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း The of Dictatorship က အသိပေးထားသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို နွေဦးစံရိမ်မွန်ဟု အမည်ပေးထားပြီး ပထမအရစ်အား ၃၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကာ၊ ၁၂ လ အရစ်ကျ ငွေပေးသွင်းရမည် ဖြစ်သည်။

၀ယ်ယူလိုသူများအနေဖြင့် EOD Agents များထံ စာရင်းသွင်းခြင်း၊ လိုအပ်သည့် ငွေကြေးလွှဲပြောင်းခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

လှိုင်သာမြို့နယ်တွင် အကောင်အထည်ဖော်မည့် နွေဦးစံရိပ်မွန်တည်နေရာသည် လှိုင်မြစ်ကမ်းအနီး၊ ဘုရင့်နောင်တံတားအဆင်း FMI City နှင့် မျက်နှာချင်းဆိုင်တွ င်တည်ရှိကြောင်း၊ တောင်ဒဂုံ နွေဦးစံရိပ်မွန်တည်နေရာသည် အမှတ် ၂ လမ်းမကြီးနှင့် ကျန်စစ်သားလမ်းပေါ်တွင် တည်ရှိကြောင်း သိရသည်။

NUG အနေဖြင့် တော်လှန်ရေးရံပုံငွေရရှိရန်အတွက် ကျောက်မျက်တူးဖော်သည့် စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ၊ Bonds ရောင်းချခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး၊ ယင်းစီမံကိန်းများကို တော်လှန်ရေး အလွန်ကာလ၌ အကောင်အထည်ဖော် သွားမည်ဟုလည်း ပြောကြားထားမှုများရှိသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်ထွန်းက ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Bond ရောင်းရငွေ၊ စီမံကိန်းများမှ ရရှိငွေသည် အမေရကိန်ဒေါ်လာ သန်း ၁၀၀ ကျော်ပြီဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUU #နွေဦးစံရိပ်မွန်