စစ်ကိုင်း တံတားဦးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် ကျည်ထိမှန်ပြီး ကလေးငယ်တစ်ဦး သေဆုံး

Author ခေတ်နီ
Categories
Published on Feb 03, 2023

 

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တံတားဦးရွာရှိ နေအိမ်တစ်လုံးအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းမှုအတွင်း ၎င်းတို့ပစ်ခတ်သည့် ကျည်ထိမှန်ကာ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

တံတားဦးရွာကို စစ်ကောင်စီတပ်များမှ ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး ထိုရွာရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေစဥ် စစ်ကောင်စီတပ်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် အဆိုပါအိမ်၏ အနီးအနားရှိ ကျူရှင်တွင် စာသင်ကြားနေသည့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ခါး ကျည်ထိမှန်ကာ သေဆုံးခဲ့တာပဲ ဖြစ်သည်။

“သူတို့က စစ်ကောင်စီတပ်တွေက အဲ့ရွာက အိမ်တစ်လုံးတည်းကိုပဲ ဝင်ရှာတာ ကျနော်တို့ သွားတိုက်တော့ ရဲစခန်းထဲ ပြန်ဝင်သွားတယ် ဒေသခံပြောတာကတော့ ၅ ယောက်လောက်တော့ သေတယ်တဲ့”ဟု တိုက်နယ်စွန်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်များ အထိုင်ချရာ ရဲစခန်းကို တိုက်နယ်စွန်အဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ဦးခန့် သေဆုံးခဲ့ကြောင်းလည်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #တံတားဦးရွာ #ကလေးငယ်တစ်ဦးအပစ်ခံရ