CDM လှုပ်ရှားမှုတွင်ပါ၀င်သည့် ပြည်သူများအား ဂုဏ်ပြုချီးမြှင့်မည်ဟု NUG ကြေညာ

Author မွန်လေး
Categories
Published on Feb 01, 2023

 

CDM လှုပ်ရှားမှုတွင် ပါ၀င်သည့် ပြည်သူများအား ဂုဏ်ပြုချီးမြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့တွင် ကြေညာထားသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုအား ၂ နှစ်တိတိ ရဲရဲဝံ့ဝံံ့ရွပ်ရွပ်ချွံချွံ လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်းများနှင့် နိုင်ငံ့သူရဲကောင်းများအား ဂုဏ်ပြုချီးမြှင့်မည်ဟု NUG က ဆိုထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အုပ်စုသည် နိ်ုင်ငံအာဏာအား မတရားသဖြင့် အဓ္ဓမသိမ်းယူခဲ့စဉ်မှ စတင်ကာ ယနေ့ထက်ထိ အမှန်တရားနှင့် ဓမ္မဘက်မှ ရပ်တည်ခဲ့ပြီး နိုင်ငံချစ်စိတ်၊ ပြည်သူချစ်စိတ်ဖြင့် တော်လှန်ရေး၏ ထောက်တိုင်တစ်ခုဖြစ်သည့် CDM လှုပ်ရှားမှုဖြင့် တော်လှန်ရေးတွင် ပါ၀င်လျက်ရှိသည့် ပြည်သူ့သူရဲကောင်း၊ နိုင်ငံသူရဲကောင်း CDM ၀န်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းများ ဆောင်ရွက်မည်လည်း ဖြစ်သည်။

တော်လှန်ရေးအလွန်ကာလတွင် CDM သူရဲကောင်းများအား နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ၀န်ထမ်း CDM များ၏ အာဏာသိမ်းခြင်းနေ့ရက်မတိုင်ခင် အချိန်ထိ ထမ်းဆောင်ခဲ့သော ရာထူးတာ၀န်များမှနေပြီး ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမည်ဖြစ်ကာ၊ ရာထူးတိုးမြှင့်ခြင်း အမိန့်သည် ယနေ့မှ စတင်ကာ အကျိုးသက်ရောက်မှုရှိရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDM သူရဲကောင်းများဖြစ်သည့် နေ့စား၀န်ထမ်းများကို အမြဲတမ်း၀န်ထမ်းများအဖြစ် အတည်ပြု ခန့်ထားမည်ဖြစ်ကြောင်း၊ စစ်အုပ်စု အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှ စတင်ကာ နိုင်ငံ့၀န်ထမ်း သူရဲကောင်းများထုတ်ယူခြင်း မရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများအားလုံးကို တော်လှန်ရေး အလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဟု NUG က ထုတ်ပြန်ထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #CDM