၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်သား ၂၇၀၀၀ကျော်သေဆုံးခဲ့ကာ မြို့နယ် ၁၅၇ မြို့နယ်အား ထိန်းချုပ်နိုင်ခြင်းမရှိတော့

Author မွန်လေး
Categories
Published on Feb 01, 2023

 

၂ နှစ်တကာလအတွင်း စစ်ကောင်စီတပ်သား ၂၇၀၀၀ ကျော်သေဆုံးခဲ့ပြီး၊ စစ်ကောင်စီအနေဖြင့် မြို့နယ် ၁၅၇ မြို့နယ် ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သတင်းနှင့်ပြန်ကြားရေး PVTV က ထုတ်ပြန်သည့် ၂ နှစ်ပြည့် နွေဦးတော်လှန်ရေး ကိန်းဂဏန်းများအရ သိရသည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သား သေဆုံးမှုသည် ၂၇၄၂၄ ဦးရှိပြီး၊ မြို့နယ် ၁၅၇ မြို့နယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသည် စစ်သား ၄၀၀၀ နှင့် ရဲ ၈၀၀၀ ရှိကာ၊ စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု ၁၈ ရာခိုင်နှုန်း ရှိကြောင်းလည်းသိ ရသည်။

လက်ရှိတွင်လည်း PDF တပ်ရင်း ၃၀၀၊ NUG မှဖွင့်လှစ်ထားသည့် တရားရုံး ၂၅ ရုံး၊ ကျောင်း ၄၃၀၀ နှင့် တက်ရောက်နေသည့် ကျောင်းသားဦးရေ ၈၁၉၀၀၀ ရှိကာ၊ ဆေးရုံ ၆၆ ရုံဖွင့်လှစ်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် တော်လှန်ရေးရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရရှိထားပြီး၊ ကျပ်သန်း ၃၀၀၀ ကျော် အခွန်ငွေ ရရှိထားကြောင်း၊ တပ်ပိုင်မြေရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၇၅ သန်းရရှိခဲ့ကြောင်း၊ လူသားချင်းစာနာမှု အကူအညီအတွက် ကျပ် ၅ဒသမ၇၇ ဘီလျံ ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း ပြည်သူ ၂၈၉၄ ဦးကျဆုံးခဲ့ကာ၊ စစ်ကြောရေးတွင် သေဆုံးခဲ့သူ၊ ၁၄၅ ဦး၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၈၄၁ ဦး၊ အကျဉ်းထောင်အတွင်း ကျဆုံးခဲ့သူ ၇၇၁ ဦး၊ တော်လှန်ရေးတပ်သား ကျဆုံးခဲ့သူ ၁၂၇၅ ဦး၊ ကျန်းမာရေး၀န်ထမ်းကျဆုံးခဲ့သူ ၇၀ ဦး၊ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၇၉ ဦးနှင့် LGBTQI ကျဆုံးခဲ့သူ ၁၉ ဦးရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီက မီးရှို့ဖြတ်ဆီးခံရသည့် နေအိမ်အဆောက်အအုံ အရေအတွက် ၆၂၃၉၉ လုံး၊ စစ်ဘေးရှောင်အရေအတွက် ၁၅၇၄၄၀၀ ဦးရှိကြောင်း၊ ဘာသာရေးအဆောက်အအုံ ဖျက်ဆီးခံရမှု ၁၆၃ မှု၊ ဖျက်ဆီးခံရသည့် စာသင်ကျောင်းအရေအတွက် ၃၀၊ ဖျက်ဆီးခံရသော ဆေးရုံအရေအတွက် ၁၅၇ လုံး၊ သေဒဏ်ကျခံရသူဦးရေ ၁၀၁၊ အကျဉ်းကျခံနေရသူ ၁၃၆၈၉ ဦး၊ စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၇၁ မှုနှင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၅၄ ကြိမ်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #နွေဦးတော်လှန်းရေး #နှစ်နှစ်ပြည့်