“ကျူကျူကျား ဆယ်လီဖြစ်ပြီ” (ကျူကျူကျား-၃)

Author ပြည်စိုး
Categories
Published on Jan 12, 2023

ကျူကျူကျားဆိုတာ ကြည့်တော့အနူ စားချင်တော့ “တူ”နဲ့ ဆိုတာမျိုး။

 

ပုသာပုစေ လူမမြင်စေနဲ့ဆိုပြီး နံနံခြားကနေ ဘာမေးရှားခြံတော်ကြီးအရောက်ကို ဖိနပ်အထူကြီးတွေ ချီချီလာဖို့ အသပြာတော့ အတော်ရှာတာ။

 

တမြန်နှစ်က ကျူကျူကျား တပည့်ကျော် တစ်ယောက် သင်္ဘောသီးထောင်းနိုင်ငံမှာ အဖမ်းခံလိုက်ရတယ်။ အဖမ်းခံလိုက်ရသူက ကျူကျူကျားအတွက် ဟော့ဒေါ့တွေ ခိုးခိုးသွင်းပေးနေသူ။ လူတွေသုံးတဲ့ မူးယစ်ဆေးဆိုလား ဘာလား အဲ့ဒါမှာလဲ ရာဇာကြီးတဲ့။

 

သင်္ဘောသီးထောင်းနိုင်ငံက ကျူကျူကျားရဲ့ တပည့်ကို ဖမ်းချိန်မှာ ကျူကျူကျား သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေပါ သိမ်းမိတယ်တဲ့။ ကမ္ဘာမသိအောင် ဘက်ထားတဲ့ ကျူကျူကျား ဘက်တွေ အသိမ်းခံရတာပေါ့။

 

လူရာဝင်ချင်လို့ သေသူပါ ဆုပေးတဲ့ ကျူကျူကျား။ ကမ္ဘာကျော်ချင်တဲ့ ကျူကျူကျား ဒီတစ်ခါတော့ ကမ္ဘာကြီး အတော်ကို ကျော်သွားတာ။

မူးယစ်ရာဇာကြီးနဲ့ ကျူကျူကျားက ဘာလားဆိုပြီး ကမ္ဘာ့မီဒီယာတွေက ဖော်ပြကြရော။

“ဟဲ့မဲလုံး ငါနာမည်ကြီးပြီကွ နာမည်ကြီးပြီ”

တဝုဝုနဲ့ မဲလုံးပြန်ဖြေရှာပါတယ်။ ခက်တာက ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

 

ကျူကျူကျား လည်ပတ်ရွှေကွပ်ချင်သည့် စိတ်နဲ့ ရောင်းမှားဝယ်မှား လုပ်မိတာကို အရှင်ရုက္ခစိုးကြီး ဗွေမယူပါနဲ့လို့လဲ ပြောမရ။

 

ဘာမေးရှားခြံတော်ကြီးကို ကယ်တင်ထားသလိုလို ဆိုဒ်ဖမ်းနေတဲ့ ကျူကျူကျားက မူးယစ်ဆေးလဲ ရောင်းသတဲ့လေ။

 

“ဟဲ့မဲလုံး အဲ့ဒါ ငါရွိုင်ရယ်ဒီဝယ်ဖို့ ပေးထားတာ ၊ ငါ့သားတွေကလဲ ရွိုင်ရယ်ဒီ ဝယ်တာလို့ ပြန်ကြားလိုက်စမ်း”

တဝုဝုနဲ့ မဲလုံးပြန်ဖြေရှာပါတယ်။ ခက်တာက ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

 

အင်း ချေးပုံကို သဲနဲ့ ဖုံးရအောင်လဲ အဆင်မပြေဆိုတော့ ကျူကျူကျား ပျားတုတ်နေပေါ့။

 

နိုင်ငံတကာမှာ ကျော်ကြားချင်တဲ့ ကျူကျူကျားတစ် ရွိုင်ရယ်ဒီလေးပါ ရှယ်ယာပါမိမှ တစ်သက်လုံး လိမ်လာသမျှ အူခါမှ ပေါ်ရသကိုး။

 

ဘာဖြစ်ဖြစ် ကျူကျူကျား ဂုဏ်ယူသည် ဘယ်နိုင်ငံကမှ အဖက်လုပ်မခံရတဲ့ကောင် အခုတော့ မင်းတို့ သတင်းစာတွေမှာ ငါ့အကြောင်း စပယ်ရှယ်ရေးရပြီမလားလို့။

 

အိမ်း.. ဘယ်တော့များ စည်ပင်က အမဲသားတုံးပစ်တာ ခံရမည်မသိ။