အိန်ဂျလာလီရဲ့ ညီမဖြစ်သူ MMA ကြယ်ပွင့် ဗစ်တိုးရီးယားလီ အသက် ၁၈ နှစ်တွင် ကွယ်လွန်

Author ဇိမ်း
Categories
Published on Jan 08, 2023

MMA ဖိုက်တာ အိန်ဂျလာလီရဲ့ ညီမဖြစ်သူ MMA ကြယ်ပွင့် ဗစ်တိုးရီးယားလီဟာ အသက် ၁၈ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ ယမန်နေ့က သူ့ရဲ့ အမဖြစ်သူက အသိပေးထားပါတယ်။

အိန်ဂျလာလီဟာ ညီမဖြစ်သူ ကွယ်လွန်သွားတဲ့အကြောင်းကို သူ့ရဲ့ အင်စတာဂရမ်မှာ အသိပေးထားပြီး မိသားစုအတွက် ဆုံးရှုံးမှုတစ်ခုအဖြစ် အသိပေးထားပါတယ်။

အိန်ဂျလာလီရဲ့ ညီမဖြစ်သူ ဗစ်တိုးရီးယားလီဟာ တက်သစ်စ MMA ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ONE Championship atomweight မှာ ကျော်ကြားသူဖြစ်ပါတယ်။

လက်ရှိ သူထိုးသတ်ထားတဲ့ သုံးပွဲစလုံး အနိုင်ရရှိထားပြီး အားကစားသတင်းဌာနတွေ ကိုယ်တိုင်က အလားအလာရှိတဲ့ MMA ဖိုက်တာ လူငယ်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူပါ။

သူတို့ဟာ MMA မိသားစုဝင်တွေဖြစ်ပြီး အမဖြစ်သူ အိန်ဂျလာလီနဲ့ အစ်ကိုဖြစ်သူ ခရစ္စတီယန်လီတို့ဟာ လူသိထင်ရှားတဲ့ ဖိုက်တာကောင်းတွေ ဖြစ်ကြပါတယ်။

ဗစ်တိုးရီးယားလီ ဘာကြောင့် သေဆုံးသွားသလဲဆိုတာကိုတော့ မိသားစုဝင်တွေနဲ့ သတင်းဌာနတွေကတော့ အသိပေးထားတာတွေ မရှိပါဘူး။

MMA ဖိုက်တာ အောင်လအန်ဆန်းကတော့ ဗစ်တိုးရီးယားလီ သေဆုံးသွားတဲ့ အဖြစ်အပျက်အတွက် သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဝမ်းနည်းကြောင်း အသိပေးထားပါတယ်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #MMA #အိန်ဂျလာလီ #ဗစ်တိုးရီးယားလီ #နိုင်ငံတကာသတင်း