စစ်ဘက်ဆိုင်ရာ ကတိကဝတ်တွေအတွက် အမေရိကန်ကို ယူကရိန်းသမ္မတ သွားမယ်

Author ဇိမ်း
Categories
Published on Dec 21, 2022

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမေရိကန်ရဲ့ အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံပြီး ကတိကဝတ်တွေအတွက် ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ အမေရိကန်ဘက်က အတည်ပြုထားပါတယ်။

သမ္မတ ဇီလန်စကီးဟာ ဒီကနေ့မှာပဲ အမေရိကန်ကို သွားရောက်မှာဖြစ်သလို အမေရိကန် ကွန်ဂရက်လွှတ်တော်အစည်းအဝေးမှာလည်း မိန့်ခွန်းပြောဖို့ ရှိနေပါတယ်။

သမ္မတနှစ်ဦး တွေ့ဆုံမှုမှာ အမေရိကန်ရဲ့ ယူကရိန်းအပေါ် တည်မြဲတဲ့ ကတိကဝတ်တွေနဲ့ အလေးထားမှုတွေကို အဓိက ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီဆွေးမှုဖြစ်လာဖို့အတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်တိုင်က ယူကရိန်းသမ္မတကို ဖိတ်ကြားခဲ့တာလို့လည်း နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ် ရန်လိုမှုတွေကို ကာကွယ်ဖို့နဲ့ အမေရိကန်က ယူကရိန်းကို အကာအကွယ်ပေးဖို့ အရေးပါတဲ့ လုံခြုံရေးဆိုင်ရာ အကူအညီတွေအတွက်လည်း အမေရိကန်သမ္မတက အသိပေးသွားဖို့ ရှိနေပါတယ်။ ဒီထဲမှာ စီးပွားရေးအပြင် လူသားချင်းစာနာမှုဆိုင်ရာတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

အမေရိကန်က ယူကရိန်းကို ပေးမယ့် လုံခြုံရေးဆိုင်ရာ အကူအညီတွေမှာ ရုရှားဘက်က တားမြစ်အသိပေးထားတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပါဝင်နေတယ်လို့ နိုင်ငံတကာသတင်းဌာနအချို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ -AFP
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နိုင်ငံတကာသတင်း #ယူကရိန်း #ဇီလန်စကီး #အမေရိကန် #ဂျိုးဘိုင်ဒင်