လာမယ့်နှစ်အစောပိုင်းမှာ ယူကရိန်းကို ရုရှားထိုးစစ်ဆင်မယ်လို့ သတင်းထွက်

Author ဇိမ်း
Categories
Published on Dec 18, 2022

ရုရှားသမ္မတ ပူတင်က သူ့ရဲ့ ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံပြီး ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ နယူးဇီလန် သတင်းဌာနတစ်ခုဖြစ်တဲ့ RNZ က ဖော်ပြလာပါတယ်။

ဒီဆွေးနွေးမှုကို ယူကရိန်းစစ်ဘက်ဆိုင်ရာ အရာရှိတချို့ကတော့ ရုရှားဘက်က ထိုးစစ်ဆင်လာမယ့် အခြေအနေတစ်ခုအဖြစ် အခိုင်အမာ ယုံကြည်နေပါတယ်။

ရုရှားသမ္မတ ပူတင်အနေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ရုရှားဗိုလ်ချုပ်တွေကို ယူကရိန်းအရေးနဲ့ ပတ်သက်လို့ အစီအစဉ်သစ်တွေ မေးမြန်းဆွေးနွေးခဲ့တယ်လို့ RNZ က ဖော်ပြထားပါတယ်။

အဲ့ဒီနေ့က ရုရှားဗိုလ်ချုပ်တွေဟာ သမ္မတပူတင်ကို ယူကရိန်းနဲ့ ပတ်သက်တဲ့ အစီခံတင်ပြမှုတွေကို ဗီဒီယိုတချို့နဲ့ ရှင်းလင်းပြသခဲ့တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ အစောပိုင်းလတွေက ရုရှားဘက်က သိမ်းပိုက်ထားတဲ့ ခါဆွန်မြို့ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာတွေ အပါအဝင် စစ်ရေးအရတိုးတက်မှုတွေ ရှိခဲ့တာပါ။
ဒါကြောင့်လည်း ရုရှားအနေနဲ့ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ထိုးစစ်တွေပြုလုပ်ပြီး ကြိုးပမ်းလာနိုင်တာကြောင့် ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi က သတိကြီးကြီထားဖို့ ပြောထားပါတယ်။

အမေရိကန် ထောက်လှမ်းရေးတပ်ဖွဲ့တွေကတော့ လက်ရှိအချိန်အထိ လာမယ့်နှစ်အတွက် ရုရှားရဲ့ ထိုးစစ်ဆင်မှု အရိပ်အယောင်တွေ မတွေ့သေးဘူးလို့ အသိပေးထားပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရုရှား-ယူကရိန်း စစ်ပွဲဟာ အခုဆိုရင် ဆယ်လပြည့်မြောက်ဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ်။

ဓာတ်ပုံ- SERGEI ILYIN
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နိုင်ငံတကာသတင်း #ရုရှား #ယူကရိန်း #ပူတင်