စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ညောင်လှရွာမှနေအိမ် ၁၀၀ ကျော်ပျက်စီး

Author ခူးဆယ်
Categories
Published on Dec 04, 2022

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှကျေးရွာကို စစ်ကောင်စီတပ်မှ ဒုတိယအကြိမ် ထပ်မံမီးရှို့ ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ သိရသည်။

ညောင်လှကျေးရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့မှာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့်
ညောင်လှရွာ ဘုန်းကြီးကျောင်းမှ ကျောင်းဆောင်အချို့အပါအဝင် အိမ်ခြေ ၁၀၀ ကျော် ထပ်မံပျက်စီးခဲ့ရပြီး ပထမအကြိမ်မီးရှို့ခံခဲ့ရသော နေအိမ်များမှ ယာယီတည်ဆောက်ထားသော တဲများပါ ထပ်မံရှို့ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလအတွင်းကလဲ ညောင်လှကျေးရွာကိုမီးရှို့ခဲ့ဖူးပြီး ပထမအကြိမ် မီးရှို့ခံရမှုအတွင်း နေအိမ် ၄၀ ခန့် ပျက်စီးသွားခဲ့တာပဲ ဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် နများ နှင့် ယဉ်ကျေးရွာများအား ဝင်ရောက်မီးရှို့နေကြောင်း သိရပြီး အသေးစိတ်အခြေအနေများကို သိရှိနိုင်ရန် ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကို ဆက်သွယ်နေပေမယ့် လက်ရှိအချိန်အထိ ဆက်သွယ်၍ မရသေးပါဘူး။