အင်ဂန်းကျေးရွာတွင် မီးလောင်တစ်ခုဖြစ်ပွားပြီး အဘွားအိုတစ်ဦးနှင့် ကလေးငယ် ခြောက်ဦး သေဆုံး
ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာတွင် ယမန်နေ့ည ၁၁ နာရီဝန်းကျင်က နေအိမ်တိုက်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက်ခြောက်ဆယ်ကျော်အရွယ် အဘွားအိုတစ်ဦးနှင့် ကလေးငယ်ခြောက်ဦး မီးလောင်သေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
အင်ဂန်းကျေးရွာရှိ ဒေါ်အင်းဂန်းခါးနေအိမ်တွင် ယမန်နေ့ည ၁၁ နာရီက နှစ်ထပ် ထပ်ခိုးတိုက်တစ်လုံး ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာမှ နေအိမ်အပေါ်ထပ်တွင် အိပ်နေသည့် အဘွားအိုနှင့် ကလေးငယ်ခြောက်ဦးသေဆုံးခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။
“အိမ်အောက်ထပ်မှာ ဝါယာရှော့ဖြစ်တာ သူ့အဘွားနဲ့ ကလေးတွေက အပေါ်ထပ်မှာ အိပ်နေတာ မီးကလောင်နေတော့ အပေါ်တက်ပြီးခေါ်လို့မရဘူး အမေဖြစ်သူပဲလွတ်တယ်”ဟု ပြောပြသည်။
မီးလောင်မှုကို ကျေးရွာနေသူများနှင့် ဒေသအရန်မီးသတ်တပ်ဖွဲ့တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ဘေးအိမ်များကို မီးလောင်ကျွမ်းမှု မရှိခဲ့ဟု အုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။
“အသက် ၆၅ တစ်ယောက် ကျန်တာက ၁၂ နှစ်ကနေ ၂နှစ်အထိကလေးတွေ စိတ်မကောင်းဘူး အမေကြီးနဲ့ ကလေးတွေရဲ့အသက်ကို မကယ်လိုက်နိူင်ဘူး”ဟု ပြောသည်။
မီးလောင်မှုကြောင့် သေဆုံးသူများမှာ ဒေါ်အင်းဂန်းခါး(၆၅) နှစ်၊ မရန်ဂျာဆိုင်းနန် (၁၂)နှစ်၊မရန်ဘောက်ဂျာ (၉)နှစ်၊ မရန် ရွယ်ဆိုင်း (၇)နှစ်၊ မရန်ထုရှန် (၆)နှစ်၊မရန်မွန်းအောင် (၄)နှစ်၊မရန်ရိန်ကျိန်(၂)နှစ် တို့ဖြစ်သည်ဟု မြို့ခံတွေဆီက သိရသည်။
ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဝိုင်းမော်မြို့ #အင်ဂန်းကျေးရွာ #မီးလောင်မှု