အင်းတော်ရဲစခန်းရှေ့ ဆိုင်ကယ်ဖြတ်မောင်းမိသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ပစ်ခတ်

Author CJ Platform
Categories
Published on Nov 30, 2022

 

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးကို အင်းတော်ရဲစခန်းအတွင်း ရှိရဲများမှ အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံ သိရသည်။

နာရေးတစ်ခုမှအပြန် အင်းတော်ရဲစခန်းအရှေ့ကို ဆိုင်ကယ်စီးနင်းဖြတ်သန်းသွားသည့် အသက် ၆၀ အရွယ် ဦးဆက်အောင်ကို ယမန်နေည ၇ နာရီခန့်မှာ အင်းတော် ရဲစခန်း အတွင်းရှိ ရဲများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် ဦးဆက်အောင်၏ ပုခုံးတွင်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို အင်းတော်ရဲစခန်းအတွင်းမှ ရဲများမှ စခန်းအတွင်းကို ဆွဲယူ ခေါ်ဆောင်သွားကြောင်း သိရသည်။

“သူက သူ့ယောက္ခမနာရေးက ပြန်လာပြီး နာရေးကပိုတဲ့ ဟင်းလေးတွေ အမျိုးတွေအိမ် လိုက်ဝေနေတာပေါ့ ရဲစခန်းထဲက လှမ်းပစ်တာ သေတော့မသေဘူး ပခုံးထိတယ်ပြီးတော့ ရဲစခန်းထဲသူ့ကိုဆွဲခေါ်သွားတာပဲ ဒီမနက်ကြားတာတော့ အမှုဖွင့်ထားတယ် ကြားတယ် ဘာပုဒ်မလဲဆိုတာတော့ မသိဘူး”ဟု အင်းတော်ဒေသခံတစ်ဦးက CJ Platformသို့ ပြောသည်။

စစ်ကောင်စီထောက်ခံသည့် ဝါဒဖြန့် telegram channel များမှ ဦးဆက်အောင်ကို လက်ပစ်ဗုံးတစ်လုံးနှင့် အတူဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ပြောဆိုမှုများရှိနေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီ လက်အောက်ခံရဲများမှ လမ်းသွားလမ်းလာလူငယ် ၂ ဦးကို ပစ်ခတ်ပြီး အင်းတော်ရဲစခန်းအတွင်းသို့ ခေါ်ဆောင်ကာ ရိုက်နှက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်မြို့ #မြို့မရဲစခန်း