မြောက်ဒဂုံမြို့နယ်တွင် လူငယ်နှစ်ဦး ဓားဖြင့်ထိုးခံရပြီး ဖုန်းလုခံရ၊ ရဲကိုအကြောင်းကြားသော်လည်း လာရောက်ခြင်းမရှိ

Author ကိုပေါက်
Categories
Published on Nov 14, 2022

 

မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက် ၇၈လမ်းဆုံရှိ ဆီဆိုင်အနီးတွင် ယမန်နေ့ည ၈နာရီခန့်က အလုပ်မှပြန်လာသည့် လူငယ်နှစ်ဦးကို အမည်မသိအမျိုးသားများက ဓားဖြင့်ထိုး၍ ဖုန်းလုယက်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

အလုပ်မှပြန်လာသည့် လူငယ်နှစ်ဦး၏နောက်ကို ဆိုင်ကယ်ဘေးတွဲစီးလာသော အမည်မသိ လူလေးဦးလိုက်လာပြီး ၇၈ လမ်းဆုံ ဆီဆိုင်အနီးတွင်ဓားဖြင့်ထိုး၍ လုယက်ခဲ့တာ ဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“နှစ်ယောက်စလုံးကို ဓားနဲ့ထိုးပြီးလုတာ တစ်ဦးကတော့ ဒဏ်ရာအတော်လေးပြင်းတယ် ရပ်ကွက်ကသူတွေက ပရဟိတအဖွဲ့တွေခေါ်ပြီး ဆေးရုံပို့ပေးတယ် “ဟု ပြောသည်။

လုယက်မှုဖြစ်စဉ်အား ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သော်လည်း လာရောက် စစ်ဆေးပေးခြင်း မရှိကြောင်း သိရသည်။

“ရပ်ကွက်နဲ့ ပရဟိတအဖွဲ့ပေါင်းပြီးပဲ ဆေးရုံပို့ပေးလိုက်တယ် ရဲလည်းမလာဘူး စစ်တပ်လည်းမလာဘူး အခုက ကိုယ်ဖြစ်ရင်ကိုယ်ခံပဲ”ဟု ရှင်းပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း မြို့နယ်အချို့တွင် နေ့စဥ် လုယက်မှု၊ဓားပြတိုက်မှုနှင့် ခါးပိုက်နှိုက်များဖြစ်နေပြီး အချို့မှာ လုယက်သူများဓားဖြင့်ထိုး၍ သေဆုံးခဲ့သူတွေလည်း ရှိသည်။

ဓာတ်ပုံ- CJ

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

 

#CjPlatform #မြောက်ဒဂုံမြို့နယ် #လုယက်မှု #ရဲခေါ်မရ