စစ်ကောင်စီတပ် ဘယ်နှစ်လခံမလဲ စောင့်ကြည့်မည်ဟု ဦးရည်မွန်ပြောကြား

Author CJ Platform
Categories
Published on Aug 24, 2022

🖋လင်းခိုင်
စစ်ကောင်စီ စစ်ကြောင်းများကို ဗျူဟာမြောက် ချေမှုန်းနိုင်ရန် စနစ်တကျပြင်ဆင်နေပြီး စစ်ကောင်စီတပ် ဘယ်နှစ်လခံမလဲဆိုသည်ကို စောင့်ကြည့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
“မဟာဗျူဟာခံစစ်( ပျောက်ကြားစစ်)က နေ တန်ပြန်ထိုးစစ်ဆင်နိုင် ရေး လိုအပ်ချက်တွေ အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့NUGနဲ့ မဟာမိတ် တွေ အတူတကွ ကြိုးစား နေကြတယ်။ ကိုယ့်နယ် မြေထဲ ဝင်လာတဲ့ စစ် ကောင်စီစစ် ကြောင်း တွေကို ဗျူဟာ မြောက် ချေမှုန်းနိုင် ဖို့အတွက်လည်း စနစ်တကျ ပြင်ဆင်လုပ် ဆောင် နေကြတယ်။ ရွာစဥ်လှည့် မီးတိုက်၊ လူသတ် နေတဲ့ အကြမ်းဖက်ငနဲ တွေ ဘယ်နှစ်လခံမလဲ စောင့်ကြည့်ကြတာ ပေါ့”ဟု ဦးရည်မွန်ကပြောကြားသည်။
လေ့ကျင့်မှု စုဖွဲ့မှု ကွပ်ကဲမှုကောင်းသည့် တပ်များသည် မြေပြင်တွင် ပိုမို ထိထိရောက်ရောက်အလုပ်လုပ်နိုင်သည်ကိုတွေ့ ရကြောင်း ယခုရက်ပိုင်းအတွင်း ကသာ ကောလင်း ကန့်ဘလူ မြဝတီ ကော့ကရိတ် တိုက်ပွဲများကြည့်ရင်သိနိုင်ကြောင်း ဦးရည်မွန်ကဆိုသည်။
“PDFနဲ့ မဟာမိတ် တွေဟာ ရန်သူစစ် ကြောင်း တွေကို အထိနာ အောင် ချေမှုန်းနိုင်ရုံသာမက အရာရှိ တွေပါဝင်တဲ့ သုံ့ပန်း တွေ လက်ရဖမ်းနိုင်တာ၊စစ်လက်နက်ပစ္စည်း တွေ သိမ်းပိုက်နိုင်တာကိုပါ တွေ့လာရတယ်”ဟု ဦးရည်မွန်ကပြောကြားသည်။
စနစ်တကျ လေ့ကျင့် စု့ဖွဲ ကွပ်ကဲထားသည့် တပ်ရင်းတပ်ဖွဲ့များနှင့် PDFများသည် ပရော်ဖက်ရှင်နယ် တပ်မတော်တစ်ခုအဖြစ်ပုံပေါ်ပြီဖြစ်ကြောင်း LDF များအပါအဝင် တော်လှန်ရေးအင်အားစုအားလုံး ဒေသအလိုက် စုစည်းမှု ကွပ်ကဲမှုပိုအားကောင်း အားစိုက်နေကြကြောင်း ဦးရည်မွန်ကဆိုသည်။