ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင်အား စစ်ကောင်စီမှ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲ

Author ခေတ်နီ
Categories
Published on Nov 05, 2022

ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင်အား စစ်ကောင်စီမှ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင်အား စစ်ကောင်စီမှ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သူ ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းစ်ကို စစ်ကောင်စီမှ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ထပ်မံတရားစွဲထားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုလင်းထက်နိုင်(ခ) ကိုဂျိမ်းသည် ပြီးခဲ့သည့်ဇွန်လအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံရကာ အင်းစိန်ထောင်တွင်းတရားရုံးမှ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ ယင်းသို့ တရား ရင်ဆိုင်နေစဉ် စစ်ကောင်စီမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်တွင် အင်းစိန်ထောင်တွင်းတရားရုံးမှ ပုဒ်မ၅၀(ည)ဖြင့် ထပ်မံတရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီမှ ထပ်မံတရားစွဲဆိုထားသည့် ပုဒ်မ၅၀(ည)သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်ပြီး အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက်ထိချမှတ်နိုင်သည့် ပုဒ်မတစ်ခုလဲဖြစ်သည်။
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform