တန့်ယန်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံး
ရှမ်းပြည်၊ တန့်ယန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျပြီး နေအိမ်ပေါ်ကို ပိခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဇွန်လ ၈ ရက် နံနက် ၇ နာရီခွဲခန့်မှာ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ ရပ်ကွက် ၆၊ အုပ်စု ၅ ရှိ နေအိမ်တစ်အိမ်အနီးမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့တာပါ။ အဆိုပါ မြေပြိုမှုကြောင့် မြေစာတွေနဲ့ ကျောက်တုံးတွေဟာ နေအိမ်ရဲ့ ဘယ်ဘက်အခန်းပေါ်သို့ ပိမိသွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားရာကို တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းသွားရောက် ဆောင်ရွက်ခဲ့ပြီး၊ သေဆုံးသူရဲ့ ရုပ်အလောင်းကို တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဓာတ်ပုံ – MFSD
