ကျောက်ခက်က တရုတ်ကျားဖြန့်လုပ်သားတွေ သေ့ဘောဘိုးဘက် ရွှေ့လာလို့ နယ်စပ်လှေဆိပ်မှာ စစ်ဆေးမှုတင်းကြပ်

Author CJ Platform
Categories
Published on Oct 26, 2026

ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ကျောက်ခက်ကျေးရွာမှာရှိတဲ့ တရုတ်ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်သူတချို့ သေ့ဘောဘိုးကျေးရွာဘက်ကို ရွှေ့ပြောင်းလာတာကြောင့် ထိုင်း–မြန်မာနယ်စပ်ရှိ လှေဆိပ်မှာ ထိုင်းစစ်တပ်က လုံခြုံရေးစစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လှေဆိပ်မှာ ထိုင်းစစ်တပ်ဂိတ်ရှိပြီးသားဖြစ်ပေမဲ့ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကစပြီး စစ်ဆေးမှုတွေ ပိုတင်းကြပ်လာတာလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“အရင်က အေးအေးဆေးဆေး ကူးသွားလာလို့ရတယ်။ ပစ္စည်းများရင် ဘယ်သွားမလဲ၊ ဘာလုပ်မလဲဆိုတာ နည်းနည်းပါးပါးမေးတယ်။ အခုက သူတို့သိပ်မရင်းနှီးတဲ့မျက်နှာတွေဆို မေးတယ်၊ လက်မှတ်ထိုးခိုင်းတယ်၊ ဓာတ်ပုံရိုက်တယ်၊ အချိန်အတိအကျမှတ်တယ်” လို့ သူက ပြောပါတယ်။

 

စစ်ဆေးမှုတွေ တင်းကြပ်လာတာဟာ တရုတ်ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်သူတချို့ ထွက်ပြေးဖို့ ကြိုးစားနေကြတာကြောင့်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဒေသခံအမျိုးသားတစ်ဦးကလည်း မကြာသေးခင်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသားတစ်ဦးဟာ အဝတ်အစားလဲပြီး ထိုင်းဘက်ကို ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ ထိုင်းစစ်သားတွေက ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။

 

လက်ရှိမှာ ကျောက်ခက်ဒေသရှိ တရုတ်နိုင်ငံသားတချို့ နေရာပြောင်းရွှေ့ပြီး သေ့ဘောဘိုးကျေးရွာဘက်ကို ရွှေ့လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ – CJ 

CJ 

 

 

Related News

Depend on news