နဂါးတွင်းကျေးရွာအား ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ် ဂျိုးစုကျေးရွားအား ဆက်လက်ဖျက်ဆီးနေ

Author ခေတ်နီ
Categories
Published on Nov 04, 2022

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နဂါးတွင်းရွာအား ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် ယနေ့မှာလဲ ဂျိုးစုကျေးရွာအား ဆက်လက် မီးရှို့နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည် ။

မုံရွာမြို့(နမခ)မှ ထွက်လာသည့် စစ်ကောင်စီတပ်သည် တောပုရွာသို့ ရောက်ရှိပြီး နဂါးတွင်းကျေးရွာသို့ ယမန်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အဆိုပါစစ်ကြောင်းသည် ယနေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်မှာလည်း ဂျိုးစုကျေးရွာရှိနေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးနေခဲ့တာပဲ ဖြစ်သည်။

ထိုသို့ မီးရှို့ခံရမှုကြောင့် ကျေးရွာ ၂ ရွာမှပျက်စီးသွားသည့်နေအိမ်အရေအတွက်ကိုတော့ မသိရှိရသေးပါဘူး။

Telegram Link: https://t.me/cjplatform
Website Link: https://cjplatform.com/
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform