စစ်အုပ်စုက သူတို့ လက်အောက်ပြန်ဝင်လာတဲ့ CDM တွေကို ပြည်ပထွက်ခွာခွင့် ပိတ်ထား

Author CJ Platform
Categories
Published on Mar 23, 2026

စစ်အုပ်စုဘက် ပြန်လည်ဝင်ရောက်သွားတဲ့ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းအချို့ကို အမည်ပျက် (Black List) ကနေ ပယ်ဖျက်ခဲ့ပေမယ့် ပြည်ပထွက်ခွင့် ကန့်သတ်ထားကြောင်း ပေါက်ကြားလာတဲ့ စစ်အုပ်စု လက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကရင်ပြည် ပညာရေးဌာန လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် စစ်အုပ်စုဘက် ပြန်လည်ဝင်ရောက်လာတဲ့ ၂၅ ဦးရှိကြောင်း စစ်အုပ်စုက အခု မတ် ၁၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး သူတို့အားလုံးကို အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးလိုက်တယ်လို့ ဆိုပါတယ်။

 

ဒါပေမယ့် CDM ကနေ ပြန်လည်ဝင်ရောက်လာသူတွေကို ပြည်ပထွက်ခွာခွင့် ကန့်သတ်ကြောင်းနဲ့ ပြည်ပထွက်ခွာဖို့ လိုအပ်ပါက CDM ပြုလုပ်ခဲ့တဲ့ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနတွေကနေတစ်ဆင့် အမျိုးသားလုံခြုံရေးအဖွဲ့ကို တင်ပြခွင့်ပြုချက်ယူရမယ်လို့ စစ်ကော်မရှင်က ဖော်ပြထားပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍက ဝန်ထမ်းတွေ အများဆုံး ပါဝင်ခဲ့တာဖြစ်ပြီး CDM လုပ်ဆောင်ခဲ့သူတွေကို စစ်အုပ်စုက အမည်ပျက်စာရင်း ထုတ်ပြန်ကြေညာခဲ့သလို ဖမ်းဆီးအရေးယူမှုတွေလည်း ရှိခဲ့ပါတယ်။

 

 

 

Related News

Depend on news