မုဒုံမြို့ ကတုံးပေါ်ရွာမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အိမ်ခြေ ၆၀ နီးပါးပျက်စီး

Author CJ Platform
Categories
Published on Jan 08, 2026

မွန်ပြည်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာမှာ ဒီနေ့ ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၁၁နာရီ ၅၀မိနစ်ခန့်မှာ မီးလောင်မှုတစ်ခုဖြစ်ပွား အိမ်ခြေ ၆၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တစ်နာရီနီးပါးကြာမြင့်ခဲ့တဲ့ မီးလောင်ကျွမ်းမှုကို နေ့လယ် ၁၂နာရီ ၅၀ မိနစ်ခန့်မှာ မီးသတ်တပ်ဖွဲ့ရဲ့ အကူညီနဲ့ ထိန်းသိမ်းနိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရှိရသေးပါဘူး။

“အခုကတော့ မီးကတော့ လုံးဝငြိမ်းသွားပါပြီ။ အိမ်ခြေခန့်မှန်းခြေ ၅၀ ကျော် ၆၀ လောက်တော့ ပါသွားတယ်။ မီးစလောင်တာကတော့ ရေနွေးအိုးတည်ထားတာကနေဖြစ်တယ်လို့ ကြားပါတယ်။ အဲဒါတော့ ဟုတ်လားမဟုတ်လား အတည်မပြုရသေးပါဘူး” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

ကတုံးပေါ်ကျေးရွာဟာ မွန်ပြည်အတွက် ဆီဖြန့်ဝေပေးနေတဲ့ ဆီလှောင်ကန်ရှိတဲ့ရွာဖြစ်ပြီး ဆီလှောင်ကန်က ရွာထိပ်မှာရှိတာဖြစ်တဲ့အတွက် အခုမီးလောင်မှုဖြစ်ပွားတဲ့နေရာဟာ ဆီလှောင်ကန်ရှိတဲ့နေရာနဲ့ အလှမ်းဝေးတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ဘိုဘိုဝင်း အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့